Zawgyi+Unicode
တစ်ခေါက်သာရောက်ဖူးခဲ့တဲ့ ဒီနေရာကို လွိုင်သေချာမှတ်မိနေခဲ့ပါတယ်..။
အဖြူရောင်ဗလာခန်း ကျယ် ရှင်ခြင်း နဲ့  သေခြင်း လမ်းဆုံ နေရာ..။
အရင် တစ်ခါနဲ့ မတူညီတဲ့ အချက်တစ်ချက်ကတော့ အ၀ါရောင်တောက်ပနေတဲ့လမ်းလေးတစ်လမ်း က အသေအချာရှိနေခဲ့တာပဲ..။
"ရှင်ခြင်းလမ်းပါ လွိုင်ဆရာ''
သေခြင်းလမ်းလို့သူ တွေးထား ခဲ့တာ..။ဒါကဘယ်လိုဖြစ်တာလဲ..။သူဆုတောင်းနောက်ဆုံးအချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘူးလေ..။
"မအောင်မြင်ခဲ့ပေမဲ့ အကောင်းဆုံးကြိုးစားပေးခဲ့တဲ့အတွက် ပါ..။လွိုင်ဆရာကို ဒုတိယအခွင့်အရေးပေးဖို့ ကောင်းကင်ဘုံ ကဆုံးဖြတ်ပေးခဲ့တယ်..။''
သစ်ရွက်လေးရဲ့ အသံလေးကတိုးတိုးသဲ့သဲ့..
သြော်..
ခေါင်းတစ်ချက်ငြိမ့်ပြီး စူးစူးစိုက်စိုက်ကြည့်နေတဲ့ လွိုင်ကြောင့်သစ်ရွက်လေး အနေရခက်လာသည်..။
" ဘာလို့ လဲဟင်''
"မင်းကငါ့ရဲ့ ပထမဆုံး နဲ့ နောက်ဆုံးသူငယ်ချင်းပဲဆိုတာသိလား''
"ဗျာ''
ဘာစကားပြန်ဆိုရမယ်မှန်း သစ်ရွက်လေးမပြောပြတတ်တော့မလို့ အရိုးရှင်းဆုံးနှုတ်ဆတ်စကားကိုပဲ ဆိုဖြစ်သည်..။
" ပျော်ရွှင်ပါစေ လွိုင်ဆရာ''
လွိုင်ကတစ်ချက်ပြုံးသည်..။
"ကျေးဇူးပဲ''
ထို့ နောက် ရှင်သန်ခြင်းလမ်းလေးဆီ ထွက်ခွာဖို့
ဦးတည်ခဲ့ပြီးမှ"ဒါနဲ့ 
သူရော''
အစအဆုံးမရှိတဲ့ လွိုင့်စကားကို သစ်ရွက်လေးက နားလည်စွာ ပြန်ဖြေသည်.။
"ပျော်ပျော်ရွှင်ရွှင်နဲ့ အကြာကြီးနေပြီး ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့ပါတယ်''
အင်း..
ဒါသူလိုချင်ခဲ့တဲ့တစ်ခုတည်းသော ဇာတ်သိမ်းပဲလေ
..လုံလောက်ပါတယ်..ဒီလောက်ဆို..။
ကျောခိုင်းကာ တစ်လှမ်းချင်းအေးအေးလူလူထွက်ခွာသွားခဲ့တဲ့ လွိုင်ဆရာရဲ့ နောက်ကျောပြင်ကို အ၀ါရောင်လမ်းလေးပါ လိုက်ပါပျောက်ကွယ်သွားခဲ့သည်အထိ သစ်ရွက်လေးလိုက်ကြည့်နေခဲ့မိသည်..။