...
Zawgyi..
လေဟာနယ် ထဲ နုနယ်လှတဲ့ ပုဝါပါးပါးလွှာလွှာလေး တစ်ချပ်လို သူ လွင့်မျောနေခဲ့သည်..။
လွင့်ချင်ရာ လွင့်နေတတ်ကြသည့်
ကြယ်တာရာအစုအဝေးတွေလို ပင်ခံစားမိနေခဲ့ရင်း..ဥက္ကာခဲကြီးလို အရှိန်ပြင်းပြင်း နဲ့ပစ်ချခံလိုက်ရသည့်အခါ
ဆဲမိတော့မလိုပင်..ငါလိုလူကို ငြင်ငြင်သာသာ မလုပ်ဘူး
ငရဲမရောက်အောင် စိတ်လျှော့ထားတယ်..ပစ်ချခံလိုက်ရတဲ့နောက် သူတစ်စုံတစ်ရာ ထဲရောက်ရှိသွားခဲ့သလို
ကျောပြင်သည်လည်း ခပ်မာမာအရာတစ်ခုနဲ့ထိတွေ့ခြင်းကို သိရပြီး
ခံစားလိုက်ရတဲ့ ပထမဆုံးအရာကနှစ်ခါပြန်သေချင်လောက်အောင် နာတယ်
တစ်ကိုယ်လုံး အကြိမ်ကြိမ်အခါခါ ကိုင်ပေါက်ခံရသလိုမျိုးကို ဆိုးဆိုးဝါးဝါးနာကျင်နေသည်...။ပြန်ဝင်စားရင် ဒီလိုမျိုးပဲနာကျင်တတ်တာဖြစ်ရမည်.အတွေးနဲ့ သည်းခံပြီးသည်းခံနေမိသည်
မျက်ခွံတွေဖွင့်မရအောင်ကို နာကျင်နေတာမလို့ ဒီတိုင်းလေးပဲ လှဲနေခဲ့မိရင်း
လက်ဖျားအောက်က အထိအတွေ့က အိပ်ရာင်းတစ်ခုဖြစ်မှန်း မှန်းဆ၍ရသည်..။ထို့နောက်သူ တစ်ခါကြားဖူးထားတဲ အသံလေးလေးတစ်သံက သူ့ကိုနှုတ်ဆတ်လာသည်..။
ဟို သစ်ရွက်ရုပ်နဲ့ဟာလေးပဲ ဖြစ်ရမည်..။
အခုနေ တစ်လက်မလောက် လှုပ်လိုက်မည်ဆိုလျှင်တောင် အတော် နာလာမှာစိုးရသည်မလို့ ဒီတိုင်းအိပ်ရင်းသာ နားထောင်နေလိုက်သည်..။
"မင်္ဂလာပါ host''
Host??
"ကျနော်တို့က ဘဝပြောင်းတဲ့သူတွေကိုလိုက်ပါစောင့်ရှောက်ရတဲ့သူတွေ systemလို့ခေါ်လို့ရပြီး ဝင်စားသူတွေကို hostလို့်ခေါ်ပါတယ် ''
"လွိုင်ဆရာ ''
"ဗျာ ''
"လွိုင်ဆရာလို့ခေါ်ကြားလား ငါကဆရာပဲ ''
လွိုင်ဇက်စကားကြောင့်
Systemလေး အကြီးအကျယ်တင်းသွားပြီဖြစ်သည်..။ရှိတာမှနှစ်ယောက်ထဲကို...
တစ်ချို့hostတွေဆို သူတို့systemတွေနဲ့သူငယ်ချင်းပေါင်းပင်ပေါင်းကြသည်..။