....
" လွမ်း! !''
လှိုက်လှဲရှတသော ခေါ်သံတစ်ခု..
အညိုရောင်မျက်ဝန်းတွေက ကျောက်စတွေလို တဖြတ်ဖြတ်လှုပ်ခတ်ရင်း အခန်းဝမှာ မြဲမြံနေတဲ့ ခြေတံရှည်တွေကတော့ သူ့ဆီလှမ်းလာခြင်းမပြုခဲ့...
ခွင့်လွှတ်ခြင်း တောင်းခံနေသည့် အပြစ်သားတစ်ယောက်လို သာ ငြိုးငယ်စွာ ရပ်နေခဲ့သည်..။
သစ်ရွက်လေးက စိတ်ထဲမှ လှမ်းကာ သတိပေးသည်..။
"အဲဒါ ဒုတိယဇာတ်လိုက် ရှိုင်းဆတ်''
မူလဇာတ်ကြောင်းအရ...လွမ်းရိပ်သည် အတိတ်မေ့သွားခဲ့သည်..။
ဒါကြောင့်လွိုင်ဇက်သည်လည်း မေ့ရမည်သာဖြစ်သည်..။ မူရင်းဘဝကို လိုက်နာရမည့် ပြောင်းလဲခွင့်မရှိသည့် ပညတ်ချက်များ ရှိနေသည်မလို့..
လွိုင်ဇက် စကားစလိုက်သည်..။
" မင်းက ဘယ်သူလဲ??''
ချွေးစတို့စီးကျနေသော မျက်နှာဖြူဖြူသည် တအံတသြကြည့်လာရင်း နှုတ်ခမ်းသားတို့ပွင့်ဟသွားခဲ့သည်..။
" ငါ့ကိုယ်ငါတောင် ဘယ်သူလဲ မသိတာ မလို့''
အလိုလေး!!
ချက်ချင်းခြေတံရှည်တွေ..အားကိုးနဲ့အပြေးရောက်လာခဲ့သည်မှာ ဘယ်ကတည်းက ပြေးလာချင်နေလဲမသိ..။တစ်ကိုယ်လုံးကို ထိတော့မလို ပွေ့တော့မလိုမိုးကာ လက်တွေတဝဲဝဲလုပ်နေသည်...။
ုပြီးမှ နှာတံချွန်ချွန်လေးထက်က ချွေးစတွေကို သူ့ရဲ့သွေးစတို့စွန်းနေသည့် ရှပ်အကျီက လက်စရှည်တွေနဲ့ သုတ်ချပစ်နေသည်..။
ကို့ရိုးကားယားတွေဖြစ်နေသည့် ဒုတိယဇာတ့လိုက်ကိုကြည့်ရင်း..
တစ်သက်လုံး အရုပ်တွေသာထုလုပ်ရင်း နေလာတဲ့သူမလို့ လူအရိပ်အကဲ လွိုင်ဇက်မဖက်တတ်.
ဒီတစ်ယောက် ဘာလုပ်ချင်နေတာတုန်း..??
သူ့ကိုအမေးရှိလာခဲ့သည်..။" အဆင်ပြေလား နာနေတဲ့နေရာရှိလားဟင်??''
ထိုအမေးကြားတာနဲ့
လွိုင်ဇက် ပေါက်ကွဲတော့သည်..။