Zawgyiတစ်ပတ် ..
.လွိုင်ဇက် ဒီ ကမ္ဘာ ဆီရောက်လာခဲ့တာ အချိန်ရေသောအားဖြင့် တစ်ပတ်ကျော်လေပြီ..။
ဆေးရုံကလည်း ဆင်းခဲ့ရပြီ. ။
ထပ်နေဖို့ပြောကြပေမဲ့ အနာကြောင့်မဟုတ်ပဲ အဲဆေးတွေကျိတ်မှိတ်ဆက်သောက်နေရရင် မြန်မြန် ဘဝပြောင်းနိုင်လေသည်..။ပြီးတော့ ဒီရက်အတွင်းသိလိုက်ရတဲ့
ဒုတိယဇာတ်လိုက်ရဲ့ ကလေးဆန်မှုများ..တစ်စက္ကန့်ရဲ့ တစ်ဝက်တောင်အလွတ်မပေးအောင် အရိပ်တကြည့်ကြည့်...
ဒီမျက်နှာနဲ့ဒီမျက်နှာ ဒီလူနဲ့ဒီလူဘာများအဲဒီလောက်ကြည့်ချင်စရာ ကောင်းနေမလဲ လွိုင်စဉ်းစားမရ..။
ဟိုးသူငယ်မစင်ဘဝထဲကခင်လာကြတာဆိုပြီးတော့.. ဒီမျက်နှာကိုအဲလောက် ကြည့်မဝဖြစ်..
အရာရာ လွမ်းရှိမှ..လွမ်းရှိမှ..
ချီးပါတာတော့ ငါမရှိလည်း ဖြစ်တယ်ထင်ပါရဲ့.တကယ်ကို စိတ်ပျက်စရာ ကောင်းတယ်..။
အမှတ်မထင် လွိုင်နှုတ်ခမ်းတွေ တွန့် ကွေးလို့ သွားခဲ့သည် ။
" လွိုင်ဆရာ အိပ်မက်တွေဖြည့်ပေးရမယ်နော်
Mission မြန်မြန်ပြီးလေ ရှင်သန်နှစ်များများရလေ ရလဒ်ကောင်းရင် ပိုတောင်ရှင်သန်နှစ်ရမယ်''ဟုတ်တာပဲ...
အခုထိအိပ်မက်ဖြည့်ပေးဖို့က ဖြစ်ဖြစ်မြောက်မြောက်မရှိ..။
လွိုင်ဇက်မှန်းရသလောက်
ပထမဇာတ်လိုက်နဲ့ ဒီကိုယ်ပိုင်ရှင်လွမ်းရိပ်ကသူ့အိပ်မက်လမ်းကြောင်းနဲ့ သူရောက်ရှိနေပြီး
အလိုက်သင့်လေး နေသွားလျှင် အနှောင့်အယှက်မရှိလှသော်လည်းပြဿနာက ဒုတိယဇာတ်လိုက်ဆိုတဲ့ငတိပဲ..
သူတစွန်းစ အကဲစမ်းမေးကြည့်ပေမယ့် သကောင့်သားလေးက companyအလုပ်မှာသာပျော်ပါကြောင်း အခိုင်အမာ ကျိန်ဆိုပြနေတော့ သူဘာတတ်နိုင်မည်နည်း??
ဟူး..
မရှိတဲ့အသက်တောင်တိုတော့မယ်.တကယ်ထဲ.။အဲဒီကြောင်ဝါပေါက်နဲ့ ငါလည်း..
YOU ARE READING
Hello! Mr.Second (system)
Storie d'amoreHello! Mr.second.. You will be always My man ..