Unicode
(Part-1)
ရှောင်းကျန့်တို့မိသားစုက အရမ်းပြည့်စုံတဲ့အထဲမပါပေမယ့် တစ်ဦးတည်းသောသားလေးဆိုတော့ အလုပ်ဘယ်လောက်များများအချိန်ပေးကြတဲ့အတွက် ရှောင်းကျန့်လေးဟာ၅နှစ်ပဲရှိသေး ပေမယ့် အရမ်းကိုသိတတ်ပြီးလိမ္မာတယ်။
ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်နဲ့ဆန့်ကျင်ဘက်လို့တောင်ပြောလို့ရတယ်။ ရိပေါ်လေးရဲ့မိဘတွေဟာပိုက်ဆံနောက်ပဲလိုက်နေပြီး သူတို့ရဲ့၃နှစ်သားလေးကိုအချိန်ပေးရမယ်ဆိုတာမေ့နေခဲ့တယ်။
#############################
ရှောင်းကျန့်ရဲ့ပါးပါးနှင့်မားမားအလုပ်ကြောင့် တစ်ခြားကိုပြောင်းရတော့ မားမားကရှောင်းကျန့်ကိုမူကြိုပို့ဖို့ဆုံးဖြတ်လိုက်တယ်။
အဲ့ဒီမူကြိုကိုစတက်တဲ့ပထမဆုံးနေ့မှာပဲ ရှောင်းကျန့်ကို ဆင်းရဲ့ဒုက္ခတွေယူဆောင်လာတယ်။
မူကြိုကမနက်စာနဲ့နေ့လည်စာကြားအချိန်မှာကလေးတွေကို နွားနို့ဘူးလေးတွေဝေလေ့ရှိတယ်။
ရှောင်းကျန့်လည်းဗိုက်ဆာဆာနဲ့ ဆရာမဝေပေးတဲ့ နွားနို့ဘူးလေးသူ့လက်ထဲရောက်တာနဲ့မော့လိုက်လိုက်တယ်။
ရှောင်းကျန့်နို့သောက်အပြီးမှာပဲ သူ့နားကိုသူ့ထက်ငယ်ပုံရတဲ့ကလေးလေးတစ်ယောက်ဟာ ငိုတော့မလိုမျက်နှာလေးနဲ့ရောက်လာတယ်။
"ကောကော ဘာလို့သားနွားနို့ဘူးကိုယူသောက်တာလဲ"
"အန်"
ရှောင်းကျန့်လည်းသေချာကြည့်တော့မှ နွားနို့ဘူးအောက်မှာသူ့အမှတ်အသားနဲ့သူခွဲထားကြောင်းသိပေမယ့် နွားနို့ကရှောင်းကျန့်ဗိုက်ထဲရောက်ပြီး ဂလူဂလူအသံတောင်ထွက်နေပြီ
"ကောကောတောင်းပန်ပါတယ်နော် ကောကောကမသိလို့သောက်လိုက်တာ ကောကောဆရာမဆီကအသစ်တောင်းပေးမယ်နော်"ဆိုပြီး ရှောင်းကျန့်လေးမျိုးစုံချော့ပေမယ့် ကလေးပေါက်စလေးကသူ့နွားနို့ကိုလုသွားတယ်ဆိုပြီးစငိုတော့တာပဲ။
၅နှစ်အရွယ်ရှောင်းကျန့်လေးလည်း ဘာလုပ်ရမှန်းမသိပျာယာခတ်ပြီးရှောင်းကျန့် မားမားအကြိုက်ဆုံးပန်းအိုးလေးကိုမတော်တဆခွဲမိတုံးက ပါးပါးက "ကျန့်ကျန့်လေး မားမားကိုအာဘွားပေးပြီးနောက်မလုပ်တော့ဘူး တောင်းပန်ပါတယ်လို့ပြောလိုက်ရင် မားမားကခွင့်လွှတ်လိမ့်မယ်"ဆိုပြီး သင်ပေးတာကိုသွားသတိရတယ်။
