My First Love? #2

3.3K 383 12
                                    

Unicode

(Part-2)

"ကော ဒီမှာကြည့် ကျွန်တော်ပုံဆွဲထားတာ လှလား" ဆိုတဲ့အသံနဲ့အတူ သူ့ယုန်ရုပ်နဲ့ဆော့နေတဲ့ ရှောင်းကျန့်အနားကိုရောက်လာတဲ့ ဝမ်ရိပေါ်

"အင်း အင်းလှတယ် လှတယ်" ဆိုပြီးတစ်ခွန်းသာပြောကာ ပုံကိုသေချာမကြည့်ဘဲ ယုန်ရုပ်နှင့်သာဆက်ဆော့နေသောကြောင့် ရိပေါ်စိတ်တိုသွားလေသည်

'အဲ့ဒီယုန်ရုပ်ကဘာမလို့ ကောကသဘောတွေကျနေတာလဲ။ ကျွန်တော်ကပိုချစ်ဖို့ကောင်းတာကို'
ရိပေါ်သူ့ဆီအာရုံမရှိဘဲ ယုန်ရုပ်ကိုသာဂရုစိုက်နေသောကြောင့် ရှောင်းကျန့်လက်ထဲမှယုန်ရုပ်ကို ဆွဲလုကာ ထောင်နေတဲ့နားရွက်တစ်ဖက်ကို ဆွဲဖြဲလိုက်လေသည်။

'ဟင်း အခုတော့ဘာတတ်နိုင်သေးလဲ ကောဂရုစိုက်တာ ငါ့အတွက်ပဲဖြစ်ရမယ်'ဆိုပြီး အပြစ်မရှိတဲ့ ယုန်ရုပ်ကိုစိတ်ထဲကကျိန်ဆဲနေတော့သည်

သို့သော်လည်း ဘယ်လောက်မှကြာကြာ မကျိန်ဆဲလိုက်ရ "ဝမ်ရိပေါ် မကောင်းတဲ့အကောင် ဘာလုပ်တာလဲ။ အဲ့အရုပ်က ငါလိုချင်လွန်းလို့ မရ‌ရအောင်ပူဆာထားရတာ။ မင်းကြောင့်အခုတော့ပျက်သွားပြီ ပြန်လျော်ပေး ငါ့အရုပ်လေး"ဆိုပြီ ရှောင်းကျန့်က အာပြဲနှင့်ထငိုတော့သည်။

ဝမ်ရိပေါ်မှာကြာကြာတောင်စိတ်မဆိုးလိုက်ရ သူ့ကောကောလည်းငိုရော ချော့ရတော့သည်။

"ကောရယ် တောင်းပန်ပါတယ်နော် ကောကကျွန်တော့်ကိုမှဂရုမစိုက်တာ ကောသာကျွန်တော်ပုံဆွဲတာပြတုံးကြည့်ရင် အာ့ယုန်ကိုဘာမှမလုပ်ဘူး"

"အီးဟီး... မင်းကအခုငါ့ကို အပြစ်တင်နေတာလား မကောင်းတဲ့အကောင်း နောက်မင်းနဲ့လာမဆော့ဘူး"

"မဟုတ်ဘူးလေ အသစ်ဝယ်ပေးမယ်နော် နော် မငိုနဲ့တော့နော် ကျွန်တော်နဲ့ပဲဆော့နော် ကောကြိုက်တယ် ယုန်ရုပ်တွေအများကြီးဝယ်ပေးမယ်"ဆိုပြီး ဝမ်ရိပေါ်မှာ ၁၃နှစ်သား သူ့ထက်လူကောင်ကြီးတဲ့ ရှောင်းကျန့်ကို ဖက်ကာချော့ရတော့တယ်

ရှောင်းကျန့်လည်း ငိုရတာပင်ပန်းပြီး အိပ်ပျော်သွားတော့တယ်။ အိမ်မက်လား တကယ်လား မသေချာတဲ့ နဖူးပေါ်ကို ဖွဖွလေးရောက်လာတဲ့ နွေးခနဲ့အထိတစ်ချက်...

Pieces of LoveWhere stories live. Discover now