Unicode
"ပရိသတ်တွေအားလုံးပဲ မင်္ဂလာပါ ကျဲနဲ့အားချန်တို့ရဲ့ interviewအစီအစဥ်ကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်"
"ဒီအပတ်မှာတော့ အခုနာမည်ကြီးနေတဲ့ ရုပ်ရှင်တစ်ခုဖြစ်တဲ့ Love Alwaysရဲ့ ပဲ့ကိုင်ရှင်များထဲကတစ်ယောက် ရုပ်ရည်ချောမောလို့သာမက စာအရေးအသားလည်းကောင်းတာကြောင့် အောင်မြင်မှုတွေရရှိထားတဲ့ စာရေးဆရာရှောင်းကျန့်နှင့်တွေ့ဆုံသွားမှာဖြစ်ပါတယ်"
"အားလုံးပဲ မင်္ဂလာပါကျွန်တော်ရှောင်းကျန့်ပါ"
"ဒါပဲလား ဇာတ်လမ်းရဲ့ဘယ်နေရာကပါလဲဆိုတာပါထည့်ပြောလေ"
"အားချန်!!!"
"Interviewတွေသူတွေကအာ့လိုပဲအပေါက်ဆိုးကြတယ်လား" ဆိုတရှောင်းကျန့်စကားအဆုံးမှာ ရောက်လာတဲ့ မျက်စောင်းတစ်စုံကြောင့် ရှောင်းကျန့်ကပဲဆက်ဖြေရတယ်
"Love Alwaysရဲ့ ဇာတ်ညွှန်းပိုင်းကိုတာဝန်ယူခဲ့တာပါ""အခုလိုဇာတ်လမ်းကအရမ်းအောင်မြင်သွားတော့ ဘယ်လိုခံစားရလဲ"
"Pressureတွေပိုများလာသလိုပဲ"
"ဒါပဲလား နည်းနည်းရှည်ရှည်လေးဖြေသင့်တာမဟုတ်ဘူးလား"
"တကယ်ကိုpressureတွေပိုများလာတာတော့အမှန်ပဲ ပြီးတော့ ဒီရုပ်ရှင်က ကျွန်တော့်ရဲ့ပထမဆုံးရုပ်ရှင်လို့ပြောလို့ရတယ် အရင်ကဝတ္ထုရေးတယ် စာအုပ်ထုတ်တယ် အခုကပထမဆုံးဇာတ်ညွှန်းပိုင်းဆိုတော့ ပိုပင်ပန်းတယ်ပြီးတော့ ဇာတ်လမ်းကလည်း ပုံမှန်ကြည့်နေကျအချစ်ဇာတ်လမ်းပုံစံထဲကတစ်ခုပဲဆိုတော့ ဒီလောက်အောင်မြင်မယ်လို့လည်း ထင်မထားခဲ့ဘူး"
"Love Alwaysကရှောင်းကျန့်ရဲ့ဝတ္ထုနော်"
"ဟုတ်ကဲ့"
"ဇာတ်လမ်းအကြောင်းနည်းနည်းပြောပြပါလား.
"ကျွန်တော်ခုနကပြောသလိုပုံမှန်ကြည့်နေကျအချစ်ဇာတ်လမ်းတစ်ခုပဲ လူနှစ်ယောက်တွေ့တယ် တစ်ယောက်နဲ့တစ်ယောက်ချစ်သွားကြတယ် နောက်ဆုံးမှာလမ်းခွဲလိုက်ရတယ် right person, wrong timeပေါ့"
"ပုံမှန်ဇာတ်လမ်းပဲဆို ဘာလို့အရမ်းနာမည်ကြီးသွားတယ်လို့ထင်လဲ"
