Unicode
"ကျွန်တော်တို့ လမ်းခွဲရအောင်" ဆိုတဲ့စကားအဆုံးမှာ ပြုံးရယ်ပြီး ပျော်ရွှင်မှုတွေအပြည့်နဲ့သူ့ကိုကြည့်နေတဲ့ မျက်ဝန်းညိုညိုတွေဟာ ချက်ချင်းကိုမှိုင်းညှို့သွားကာ ပြိုတော့မယ့်မိုးလို
သူဒီလူသားကိုရင်ခွင်ထဲမှာပွေ့ဖက်ထားပြီး သူခုနကပြောလိုက်တဲ့စကားကိုအတည်မယူဖို့ ဘာပဲဖြစ်နေနေသူ့အနားမှာနေဖို့ တောင်းပန်စကားဆိုချင်မိတယ်
ဝဲတက်လာတဲ့မျက်ရည်တွေကို မကျအောင်ထိန်းရင်း ဖျော့တော့တဲ့လေသံနဲ့ထွက်လာတဲ့ အမေးစကားက
"ဘာလို့လဲ ကောဘာအမှားလုပ်မိလို့လဲ"အခုထိ ဒီလူသားဟာ တစ်ခုခုဆို သူ့အမှားထင်နေတုံး
ဒီလူသားဟာ ကမ္ဘာပေါ်ကရှိသမျှပျော်ရွှင်မှုတွေနဲ့ ထိုက်တန်တယ်။ သူ့လိုဘာမှမရှိတဲ့ လူအနားမှာမထားသင့်ဘူးမလား
"ခင်ဗျားမသိဘူးလား ကျွန်တော်လိုကောင်မျိုးက ဘယ်သူ့ကိုအတည်တွဲမှာမလို့လဲ"
မျက်ဝန်းညိုညိုတွေဟာ ဝမ်းနည်းနေရာကနေ မယုံကြည်နိုင်မှုတွေအဖြစ် ချက်ချင်းပြောင်းသွားတယ်
"ဒါပေမယ့် ရိပေါ် ကောကိုတကယ်ချစ်တာလို့ ကောယုံတယ်"
ခုနကစကားတွေကနောက်နေတာပါ အတည်မယူပါနဲ့ဆိုတဲ့ တောင်းပန်စကားတွေက လည်ချောင်းဝမှာ တလိပ်လိပ်
သူခြောက်ကပ်စွာ ရယ်မိတယ်
ဒီလူသားဘေးသူကြာကြာဆက်နေရင် သူကျောခိုင်းဖို့ပိုခက်ခဲတော့မှာ
"နောက်ဆိုကျွန်တော့်ကိုစောင့်မနေနဲ့တော့ ကိုယ့်ကိုယ်ကိုယ်လည်းဂရုစိုက်"
လူကသာကျောခိုင်းလှည့်ထွက်လာတာ နှလုံးသားတစ်ခုလုံးက ထိုလူသားထံမှာ ကျန်ခဲ့လေပြီ
ထို့နောက် ဖုန်းနံပါတ်တစ်ခုကို
"သူ့ကိုသေချာစောင့်ရှောက်ပေးပါ"ဒါပါပဲ သူ့လိုလူအတွက်အစတည်းက အချစ်ဆိုတာမသက်ဆိုင်တဲ့အရာမလား
########
'ဝမ်ရိပေါ် ' ဆိုတာ ဒီလောကမှာတော့ထိပ်သီးပဲ
