"Hi"

6.9K 450 35
                                    

<Unicode>

Soulmateဆိုတာကို ယုံလား...

ကျွန်တော်နေတဲ့ ကမ္ဘာမှာတော့ soulmateဆိုတာရှိတယ်။

soulmateတစ်ယောက်နှင့်တစ်ယောက် ပထမဆုံးဆုံတွေ့တဲ့အချိန်မှာ‌ပြောမယ့် စကားကဘယ်ဘက်လက်ဖျံပေါ်မှာ တက်တူထိုးထားသလိုပေါ်လာတယ်။ ဒီလိုပေါ်လာတာကလည်း အသက်အရွယ်နဲ့မဆိုင်ဘူး။

အကုန်လုံးကတော့ ကိုယ့်soulmateနဲ့မတွေ့ခင်အချိန်မှာပေါ်လာတာဆိုပေမယ့် တစ်ချို့ကျမွေးထဲက‌ပါလာပေမယ့်လည်း တကယ်တန်း soulmateကို အသက်၃၀ကျော်မှတွေ့ရတာလည်းရှိတာပဲ တစ်ခါတစ်လေကျလည်း တစ်ရက်မလို နာရီပိုင်းမလိုမှပေါ်လာတာလည်းရှိတတ်တယ်။

ရှောင်းကျန့်ကတော့ ဒီလိုsoulmateရှိတာကို romanticဖြစ်တယ်လိုထင်တယ်။ သူကိုယ်တိုင်လည်းသူ့soulmateကိုငယ်ငယ်လေးတည်းက ဘယ်လိုပုံဖြစ်မလဲဆိုပြီး မျှော်လင့်ခဲ့တာ။

ပေါ်လာမယ့်စာလုံးကိုလည်း ဘယ်လိုစကားလုံးများပေါ်လာမလဲဆိုပြီး တစ်ချိန်လုံးမျှော်နေခဲ့ရတာ။

ရှောင်းကျန့် soulmateတက်တူး ပေါ်လာတော့ ရှောင်းကျန့် တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားဖြစ်နေပြီ။ သူ့မှာ‌soulmateတက်တူးပေါ်လာလို့ပျော်ပေမယ့် စာလုံးက "Hi"ဆိုပြီး တစ်လုံးတည်း။

ကျန်တဲ့အပိုစာသား ဘာဆိုဘာမှမပါဘူး။ ဘယ်လောက်တောင်စိတ်လေစရာကောင်းလိုက်လဲ စဉ်းစားကြည့်စမ်း။ သူဒီလိုပုံစံနဲ့ဆို ဘယ်လိုလိုက်ရှာရမလဲ။

တစ်ယောက်နဲ့ တစ်ယောက်ပထမဆုံးတွေ့ရင် အနည်းဆုံးတော့နာမည်ပါ‌ပြောပြီး မိတ်ဆက်‌နေကျမဟုတ်ဘူးလား။

သူ့မှာတော့ဘယ်လိုနာမည်လှလှလေးများ လက်ဖျံပေါ်မှာပေါ်လာမလဲဆိုပြီး မျှော်လင့်တကြီးစောင့်စားခဲ့ရတာ။

#############################

ဝမ်‌ဟောက်ရွှမ်းနဲ့ စုန့်ကျိရန်ကတော့ ရှောင်းကျန့်သူ့တက်တူးနဲ့ပတ်သက်ပြီး ညည်းတဲ့အခါတိုင်း ရှောင်းကျန့်မျက်နှာရှေ့ကို သူ့တို့လက်ဖျံကတက်တူးကြီးထိုးထိုးပြတယ်။

ဝမ်ဟောက်ရွှမ်းလက်ဖျံမှာက တရုတ်လိုတင်မဟုတ်ဘဲ ဘာသာစကားပေါင်းစုံနဲ့ပျစ်ပျစ်နှစ်နှစ်ဆဲဆိုထားတဲ့ စာလုံးတွေနဲ့‌ပြည့်နေပြီး စုန့်ကျိရန်လက်မှာတော့ မျိုးစုံတောင်းပန်ထားရုံတင်မကဘဲ "ကျွန်‌တော်အ‌င်္ကျီအ‌ခြောက်ခံserviceကိုပို့ပေးပါမယ်"ဆိုပြီးတော့တောင်ပါနေတာကိုး။

Pieces of LoveWhere stories live. Discover now