ThetPaing📞
"ဘာလဲ"
"ဘာလို့ဖုန်းမကိုင်တာလဲ ငါခေါ်နေတာအကြိမ်၁၀၀လောက်ရှိနေပြီ သေနေတာလား"
"သေချင်နေတာ"
"မင်းအသံကလည်းဘာဖြစ်တာလဲ မအီမသာနဲ့"
"ငါ.....လက်ထပ်ရတော့မယ်"
"ဘာ!!!!!"
"ခွေးမသား! ဘာကိစ္စဒီလောက်အော်ရတာလဲ"
"မင်းနောက်နေတာမလား"
"အခုချိန်မှာမင်းကိုနောက်ဖို့လည်းအာရုံမရဘူး"
"ဘယ်သူနဲ့လဲ ဘယ်ကကောင်မလေးလဲ"
"တော်၀င်ကုမ္ပဏီသူဌေး အဒေါ်ကြီးနဲ့"
"ဘာ!!!!!"
"Shit ထထမအော်စမ်းနဲ့ဟာ နဂိုတည်းကခေါင်းကိုက်နေရတဲ့ကြားထဲ"
"ငါအံ့သြလွန်းလို့ပါ မင်းမိဘတွေကလည်းဟာ ကိုယ့်သားနုနုထွတ်ထွတ်လေးကိုအဘွားကြီးတစ်ယောက်ဆီထိုးအပ်ရလားကွ ရှိတာမှဒီသားလေးတစ်ယောက်ထဲ"
"မင်းပဲလာကူပြောပေးစမ်းပါဟာ ငါဘယ်လိုမှပြောလို့မရဘူး"
"ဘယ်တော့လဲမင်္ဂလာဆောင် မင်းဘွဲ့ရတဲ့ထိတော့စောင့်မယ်မလား"
"မင်းကြီးတော်ပဲစောင့်လိမ့်မယ် နောက်လတဲ့"
"ဘာ!!!!!!"
"ဟာ ဒီကောင်"
နားစည်တွေကွဲထွက်တော့မှာပဲကွာ။
"မဖြစ်တော့ဘူး မဖြစ်တော့ဘူး ဒီကိစ္စကိုတိုင်ပင်မှဖြစ်တော့မယ် ဟျောင့် လိုင်းတက်ခဲ့"
"Omm"
သက်ပိုင်ကgpထဲတွင်ဖုန်းခေါ်လိုက်သည်။ညဆိုလူစုံနေကြကျွန်တော်တို့gpလေးသည်ချက်ချင်းပင်တစ်ဖွဲ့လုံးjoinပြီးကြသည်။
သက်ပိုင်ကအားလုံးကိုအကြောင်းစုံရှင်းပြလိုက်သည်။
"ဘာဖြစ်ဖြစ်ငါတို့မှာတစ်လအချိန်ရသေးတယ် အဲ့အဘွားကြီးအကြောင်းစုံစမ်းရမယ်"
"အဒေါ်ကြီးပါ"
"အမလေး ဘုန်းရှိန်ထက် ယူတောင်မယူရသေးတဲ့မိန်းမဘက်ပါပေးနေတယ်ပေါ့"
"မဟုတ်ပါဘူး"
"ငါတို့ကနင့်အတွက်စဉ်းစားပေးနေတာနော် သူကကုမ္ပဏီသူဌေးဆို တော်တော်ဆိုးမယ့်ပုံပဲ"
YOU ARE READING
SUGAR MOMMY
Romanceမိဘတွေရဲ့ အတင်းအကြပ်စီစဉ်ပေးမှုကြောင့် လက်ထပ်လိုက်ရတဲ့ သူတို့နှစ်ဦး အသက်10နှစ်ကွာတဲ့ သူတို့ကြားက ဖြစ်ပေါ်လာမယ့် အချစ်