"ပြီးပြီညီမ"
Makeup May Oo ၏အိမ်တိုင်ရာရောက်လာပြင်ဆင်ပေးမှုကြောင့် သတို့သမီးလေးသည်လွန်စွာလှပနေသည်။ ရိုးရိုးရှင်းရှင်းသာလျှင်နှစ်သက်သော မြင့်မြတ်သူကို အရမ်းheavyမဖြစ်တဲ့ makeup lookနှင့် ဆံပင်လေးကိုအနည်းငယ်ထုံးခွေကာ ဘေးတစ်စောင်းလေးချပြီး Red roseလေးတစ်ပွင့်ထိုးပေးသည်။ မှန်ထဲမှာမြင်နေရတဲ့ပုံစံကို မြင့်မြတ်သူတကယ်သဘောကျသည်။
"ကျေးဇူးအရမ်းတင်တယ် ညီမကြိုက်တယ်"
"ညီမကြိုက်ရင်ပြီးတာပါပဲ အ၀တ်အစားလဲပြီးအောက်ဆင်းကြတာပေါ့"
မာမီကိုယ်တိုင်အဆင်ရွေးပြီးdesignerဆီအပ်ထားသည့်၀တ်စုံကို သူတစ်ခါမှစမ်းမ၀တ်ရသေးပါ။ အခုပထမဆုံး၀တ်ခြင်းဖြစ်သည်။တော်တော်အဆင်ပြေသည်။ ဘာမှပြောစရာမရှိ။fittingလည်းကျသည်။ အဆင်ကလည်းအရမ်းလှသည်။ အဖြူရောင်အောက်ခံမှာငွေမျှင်ရောင်ချိတ်တန်းသေးလေးများနှင့်မြန်မာ၀တ်စုံ။ ပုဝါအဖြူရောင်ပါးလွှလွှပါ,ပါသည်။
အကုန်ပြင်ဆင်အပြီးတွင်အောက်ထပ်သို့ဆင်းလာခဲ့သည်။
"Wow!!!!"
"မမ အရမ်းလှတယ်"
"ဘုန်းကြီးကိုမနာလိုလိုက်တာကွာ"
"မာမီ့သမီးလေးကအရမ်းလှတာပဲ"
"တူမကြီးကမင်းသမီးလေးကြနေတာပဲစန္ဒာရေ"
"ငါတို့တူကြီးတော့ထောချက်ပဲဟေ့ ဒီလောက်လှတဲ့မိန်းမရတယ်"
ဟိုဘက်ဒီဘက်အမျိုးအချို့နှင့် သူ့သူငယ်ချင်းအားလုံး၀ိုင်းပြီးချီးကျူးကြသည်။ ထိုကောင်လေးတော့ဘယ်ရောက်နေလဲမသိ။
"ဘုန်းရှိန်ထက်ရော"
"ဘုန်းကြီးပင့်တာလိုက်သွားလေရဲ့"
သြော် တော်သေးတာပေါ့ လစ်များလစ်သွားပြီလားလို့
[9:00 a.m.]
ဆွမ်းကပ်ပြီး ဆရာတော်များပြန်ကြွသွားပြီး မာမီတို့ကအမျိုးတွေနဲ့ အပေါ်ထပ်တွင်စားကြသောက်ကြပြောကြဆိုကြဆိုတော့ သူအောက်ထပ်သို့ဆင်းလာခဲ့သည်။ ခဏခဏမျက်ရိပ်မျက်ခြေပြနေသောsecretaryကြောင့်။
YOU ARE READING
SUGAR MOMMY
Storie d'amoreမိဘတွေရဲ့ အတင်းအကြပ်စီစဉ်ပေးမှုကြောင့် လက်ထပ်လိုက်ရတဲ့ သူတို့နှစ်ဦး အသက်10နှစ်ကွာတဲ့ သူတို့ကြားက ဖြစ်ပေါ်လာမယ့် အချစ်