လိုက်ကာအဖွင့်မှာမြင်လိုက်ရတဲ့သူ၏သတို့သမီးလောင်းသည်မယုံနိုင်အောင်ပင်လှပနေသည်။နတ်သမီးလေးလို။
Mermaid wedding dress အဖြူရောင်နဲ့ လှချင်းတိုင်းလှနေတဲ့ သူမကိုကြည့်မရတော့ပေ။ ဒီလိုသာဆို မင်္ဂလာဆောင်မှာသူမြှုပ်သွားလိမ့်မည်။
P:"ဒါကြီးမကြိုက်ဘူး နောက်တစ်ခုလဲလိုက်"
M:"ဘာလို့လဲ ငါတော့ကြိုက်ပါတယ်"
P:"အရမ်းလှနေတယ် မဖြစ်ဘူး လဲလိုက်"
M:"ဘာလို့မဖြစ်ရမှာလဲ ငါဒါပဲကြိုက်တယ် ညီမလေး အစ်မဒါပဲယူမယ်"
သူ့စကားကိုအလေးမထားဘဲ၀န်ထမ်းကောင်မလေးကိုတောင်မှာလိုက်သေးသည်။
"ဘုန်းရှိန်ထက် ဘာဖြစ်ပြန်ပြီလဲ အစကမျက်တောင်မခတ်ကြည့်နေတာမဟုတ်ဘူးလား"
P:"ဘယ်...ဘယ်သူက ကြည့်လို့လဲ"
မေမေကလည်းဘာတွေပြောနေမှန်းမသိဘူး ရှက်စရာကြီး
"သားလေးဘာဖြစ်လို့လဲ နေမကောင်းဘူးလား မျက်နှာနီနေတယ်"
P:"ဟာ...."
ယောက္ခမလောင်းကပါအတည်ပေါက်ကြီးနဲ့စနေတော့ ဘုန်းရှိန်ထက်တစ်ယောက် အရှက်လွန်ပြီး အ၀တ်အစားအမြန်လဲ၍ထွက်သွားလေသည်။
"ဟောဟော ရှက်သွားပြီ သူကပဲရှက်ရတယ်ရှိသေး"
"ဟားဟားး ဟားဟားး"
အမေနှစ်ယောက်ပျော်နေတာဆိုတော့လည်းမြင့်မြတ်သူဘာမှ၀င်မပြောတော့ပေ။ကောင်တာမှာပိုက်ဆံရှင်းပြီးကားထုတ်ဖို့parkingဆီထွက်လာလိုက်သည်။
ကားနားတွင်ငုတ်တုတ်ထိုင်နေသော ဘုန်းရှိန်ထက်။
မျက်စိရှေ့လာရပ်သောခြေစုံကြောင့်မော့ကြည့်လိုက်တော့ ဟိုအဒေါ်ကြီး။
YOU ARE READING
SUGAR MOMMY
Romanceမိဘတွေရဲ့ အတင်းအကြပ်စီစဉ်ပေးမှုကြောင့် လက်ထပ်လိုက်ရတဲ့ သူတို့နှစ်ဦး အသက်10နှစ်ကွာတဲ့ သူတို့ကြားက ဖြစ်ပေါ်လာမယ့် အချစ်