မင်္ဂလာပွဲချိန်နီးလာလေ သူစိတ်လှုပ်ရှားလာလေပင်။ Waiting Room ထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ဂနာမငြိမ်ဖြစ်နေမိသည်။'' သတို့သား ခဏနေဝင်ရတော့မယ်နော်''
သူ မကြားချင်ဆုံးစကားသံ။ သူ့ရဲ ရင်ခုန်သံတွေဟာ တဒိန်းဒိန်းဖြင့် ပိုမြန်လာသလို။
ခန်းမတံခါးအရှေ့ရပ်ရင်း သူ့ကိုယ်သူ မနည်းတည်ငြိမ်အောင် ထိန်းနေရသည်။ ဒီတံခါးမကြီး ဖွင့်လိုက်ရင် သူလမ်းလျှောက်လာတာကို လူတွေအကုန်ဝိုင်းကြည့်နေကြမှာ။
သူ့အတွေးမဆုံးခင် တံခါးမကြီးကို ဖွင့်ချလိုက်သည်။
ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ဘယ်သူ့မှမကြည့်ဘဲ MC ၏အရှေ့ကို ခပ်သွက်သွက်ဦးတည်လိုက်သည်။
လူပုံအလယ်မှာ ထီးထီးကြီးမတ်တပ်ရပ်နေရတာ တကယ်ဇောချွေးပြန်ချင်စရာပင်။ ခြေဖျားလက်ဖျားတွေပင်အေးစက်လို့။
အဒေါ်ကြီးရယ် မြန်မြန်လာပါတော့
ပိတ်ထားသော တံခါးမကြီးနောက်တွင် ရပ်နေရင်း မြင့်မြတ်သူ အလွန်ရင်ခုန်နေမိသည်။ ပန်းစည်းကိုင်ထားတဲ့ သူမ၏လက်တွေသည် အေးစက်လာသည်။
ထိုစဉ် သူမအား ခန်းမထဲမှ MC၏ လှမ်းခေါ်သံကို ကြားလိုက်ရပြီး တံခါးမကြီးနှစ်ခု ပွင့်သွားသည်။ ပန်းကြဲကလေးမလေး အရင်ဝင်သွားပြီး နောက်မှ သူမ လိုက်ဝင်လိုက်သည်။
သူမ သဘောကျတဲ့ အနီရောင်လေးတွေကို သဘာဝကျကျလိုက်ဖက်ညီအောင် ထည့်ပြီး ပြင်ဆင်ပေးထားတဲ့ Wedding Hall ကြီးက အရမ်းကိုလှပသလို သူမ လျှောက်လှမ်းနေတဲ့ လျှောက်လမ်းအဆုံးမှာရှိတဲ့ ဘုန်းရှိန်ထက် သည်လည်း အရင်နဲ့မတူဘဲ ချောမောခန့်ငြားနေသည်။
သူ့ဆီ ဖြေးဖြေးချင်းလျှောက်လှမ်းလာတဲ့ မြင့်မြတ်သူသည် မီးရောင်တွေရဲ့ ပံ့ပိုးမှုကြောင့်ပဲလား Wedding dress ရဲ့ အကူအညီကြောင့်ပဲလားမသိ အရင်နဲ့မတူဘဲ အရမ်းကို လှပကြော့ရှင်းနေသည်။
ဒီအချိန်ခဏလေးမှာ သူတို့နှစ်ယောက်လုံးရဲ့ ရင်ခုန်သံတွေဟာ ထပ်တူကျခဲ့ကြသည်။
YOU ARE READING
SUGAR MOMMY
Romanceမိဘတွေရဲ့ အတင်းအကြပ်စီစဉ်ပေးမှုကြောင့် လက်ထပ်လိုက်ရတဲ့ သူတို့နှစ်ဦး အသက်10နှစ်ကွာတဲ့ သူတို့ကြားက ဖြစ်ပေါ်လာမယ့် အချစ်