မနက်ဖြန်ဆို ပွဲကစတော့မည်။
ဟိုအဒေါ်ကြီးကလည်းပြန်ရောက်မလာသေးဘူး။ သူတစ်ယောက်တည်းထိုင်ရမလိုထရမလိုဖြစ်နေသည်။"ဘာဖြစ်နေတာလဲ ဘုန်းရှိန်ထက်"
"ဘာမှမဖြစ်ပါဘူး"
"ဘာမှမဖြစ်လို့သာပဲ မင်းလည်ပင်းကသစ်ကုလားအုတ်လိုရှည်ထွက်လာတော့မယ်"
"ပြောမနေနဲ့ချမ်းငြိမ်းရေ သူ့မမကိုမျှော်နေတာနေမှာပေါ့ မင်္ဂလာတောင်မဆောင်ရသေးဘူး ဒီလောက်ဖြစ်ပျက်နေတယ်"
P:"မင်္ဂလာမဆောင်ရသေးလို့ဖြစ်တာပေါ့ခွေးသားရဲ့ မယူချင်လို့ဆိုပြီးသူကလစ်ထွက်သွားရင်ဘယ်လိုလုပ်မလဲ ငါကအလကားနေရင်းနာမည်ပျက်အုံးမယ်"
"အမလေးတွေးတတ်ပါ့ ကိုဘုန်းရှိန်ထက် ကျွန်မတို့မိန်းကလေးတွေကကောနာမည်မပျက်ရတော့ဘူးလား နစ်နာချင်းနစ်နာ မမကတောင်ပိုနစ်နာရအုံးမယ်"
P:"နင်တို့ကငါ့သူငယ်ချင်းတွေလား သူ့သူငယ်ချင်းတွေလား ဘာလို့သူ့ဘက်ပါနေရတာလဲ"
Y:"ဒါကတော့ဒီလိုပဲရှိပါတယ် ဟဲဟဲ"
H:"စကားများမနေနဲ့ဘုန်းကြီး မင်းအားနေရင်လာ၀ိုင်းကူ"
P:"အေးပါကွာ မင်းတို့ကလည်း"
သူတို့သူငယ်ချင်းတစ်ဖွဲ့လုံးနှင့်အလုပ်သမားအချို့ ထိုအဒေါ်ကြီးအိမ်သို့ရောက်နေကြတာဖြစ်သည်။ မင်္ဂလာဦးဆွမ်းကျွေးကိုထိုအိမ်မှာကျင်းပမည်ဟု မေမေတို့လူကြီးတွေဆုံးဖြတ်ချက်ချလိုက်၍ ထိုအိမ်ကိုအလှဆင်ဖို့အတွက်သူတို့မှာမနက်အစောတည်းကလာပင်ပန်းနေကြခြင်း။
ဒါပေမယ့် အိမ်ပိုင်ရှင်ကတော့ခုထိပြန်မရောက်လာသေးပေ။
"ငါ မင်းတို့စားဖို့တစ်ခုခုသွားယူလိုက်အုံးမယ်"
သူအထမှာပင်ခြံထဲကား၀င်လာသောအသံကြားလိုက်ရသည်။ မသွားသေးဘဲရပ်ကြည့်နေလိုက်သည်။ အိမ်မကြီးတံခါးကနေ၀င်လာမည့်သူကို။
အရင်လိုတက်ကြွလန်းဆန်းမှုမရှိဘဲstressပိနေတဲ့မျက်နှာနှင့် ထိုအဒေါ်ကြီးသည်သူ့ကိုမြင်တော့အံ့သြသွားပုံပင်။ ဧည့်ခန်းကိုတစ်ချက်ဝေ့ကြည့်လိုက်ရင်းမေးလာသည်။
YOU ARE READING
SUGAR MOMMY
Lãng mạnမိဘတွေရဲ့ အတင်းအကြပ်စီစဉ်ပေးမှုကြောင့် လက်ထပ်လိုက်ရတဲ့ သူတို့နှစ်ဦး အသက်10နှစ်ကွာတဲ့ သူတို့ကြားက ဖြစ်ပေါ်လာမယ့် အချစ်