"ထဗျာ! ထဆို! ထပါဆိုဗျာ!"
"ဘယ်လိုဖြစ်နေတာလဲဘုန်းရှိန်ထက်ရာ"
"ဒီလောက်နှိုးနေတာတောင်ခင်ဗျားမှမထသေးတာ"
"ငါမနက်၂နာရီမှအိပ်ရတာလို့ပြောထားတယ်လေ
ဘာလို့ထပ်နှိုးနေသေးလဲ""ခင်ဗျားဘာသာခင်ဗျား honeymoonထွက်လာတာတောင် သံယောဇဉ်မပြတ်တဲ့အလုပ်ကိစ္စတွေကြောင့် ၂နာရီမှအိပ်ရတာကျွန်တော်ကဘာလုပ်ရမှာလဲ အရေးကြီးတာ ကျွန်တော့်ခရီးစဉ်မပျက်ဖို့ ထစမ်းပါဗျာ ခင်ဗျားကိုနှိုးရတာနဲ့နောက်ကျတော့မယ်"
"ဘာတွေအဲ့လောက်လောနေရတာလဲ ခဏလောက်အိပ်အုံးမယ်ဟာ"
အဲ့ဒီ့လူကြီးဟာဆိုရင်ဖြင့် သူဒီလောက်နှိုးနေတာကိုတောင် အဖတ်မလုပ်ဘဲတစ်ဖက်ကိုတောင်စောင်းအိပ်သွားသေးသည်။
"အဒေါ်ကြီး!!!!"
"နားကန်းတော့မှာပဲ ဘုန်းရှိန်ထက် ဘာလို့အဲ့လောက်ကပ်အော်နေရတာလဲ အဒေါ်ကြီးဆိုတာကကောဘာလဲ"
"ခင်ဗျားမှမထတာ ဒီနည်းပဲရှိတယ်လေ ထပ်အိပ်လို့ကတော့ ထပ်အော်မှာပဲ အိပ်ရဲရင်အိပ်ကြည့်လေ"
"မင်း!"
မြင့်မြတ်သူစိတ်တိုပြီး အိပ်ရာမှထကာရေချိုးခန်းထဲ၀င်လာလိုက်သည်။ သူမတော့koreaကိုရွေးမိတာမှားပြီထင်သည်။
အကုန်ပြင်ဆင်ပြီးသည့်သူက ထိုအဒေါ်ကြီးပြင်ဆင်တာကိုသာစောင့်နေရုံ။
T-shirtအနက်လက်တိုကို coatအနီရောင်ထပ်ကာ အောက်ကjeanအနက်နဲ့တွဲ၀တ်ထားပြီး shoeကအနီရောင်။ ဆံပင်ကိုခပ်မြင့်မြင့်စည်းထားပြီး makeupခြယ်သမှုမရှိလည်း creamတစ်ထပ်လောက်နဲ့တင် ကြည့်ကောင်းနေသည့်ထိုအဒေါ်ကြီးသည် ရေချိုးခန်းထဲကထွက်လာတည်းက ခုcar parkingကိုသွားနေတဲ့တောက်လျှောက်ထိ သူ့ကိုလုံး၀တစ်ချက်မှမကြည့်။ walletနဲ့car remoteကိုင်ပြီးထွက်သွားတဲ့ထိုအဒေါ်ကြီးနောက် hotelအခန်းတံခါးအမြန်ပိတ်ပြီးလိုက်လာရခြင်း။
ဘာလို့parkingကိုသွားနေတာလဲ
ထုတ်မမေးလိုက်ရခင်မှာပဲထိုအဒေါ်ကြီးသည် ကားအနီရောင်တစ်စီးရှေ့ရပ်သွားသည်။
YOU ARE READING
SUGAR MOMMY
Romanceမိဘတွေရဲ့ အတင်းအကြပ်စီစဉ်ပေးမှုကြောင့် လက်ထပ်လိုက်ရတဲ့ သူတို့နှစ်ဦး အသက်10နှစ်ကွာတဲ့ သူတို့ကြားက ဖြစ်ပေါ်လာမယ့် အချစ်