၄-မင်္ဂလာပွဲအတွက်ပြင်ဆင်မှုများ

102 4 0
                                    

M:"အန်တီအဆင်ပြေတာပဲရွေးလိုက်ပါ"

"အဲ့လိုတော့လည်းဘယ်ဟုတ်မလဲသမီးရယ် သမီးကကာယကံရှင်ပဲ အန်တီ့အကြိုက်တွေပဲလုပ်လို့သမီးမကြိုက်ရင်ဘယ်ကောင်းမလဲ"

M:"ရပါတယ်အန်တီ"

"သမီးကြိုက်တဲ့အရောင်လေးဘာလေးရှိမလား ထည့်သုံးပေးမယ်လေ"

M:"အနီရောင်"

P:"အနီရောင်ကြီးမင်္ဂလာဆောင်ဘယ်နားမှာထည့်သုံးရမှာလဲ မင်္ဂလာအရောင်ကပန်းရောင်ဆိုတာခင်ဗျားမသိဘူးလား!"

"ဒီကောင်လေးကတော့ အသံလျော့စမ်း!"

M:"အနီရောင်ကဘာလို့ထည့်သုံးလို့မရဘူးလို့ထင်တာလဲ"

P:"ဟမ်"

M:"မင်းမေ့နေတယ်ထင်တယ် Red Roseဆိုတာ Romanticရဲ့သ​​​ေင်္ကတ လေ"

P:"........."

"သမီးပြောတာဟုတ်တယ် တရုတ်တွေဆိုအနီရောင်ပဲသုံးကြတာ ပိုလှမယ်လည်းထင်တယ် ဘယ်နားတွေသုံးချင်လဲသမီး အန်တီcreation designerနဲ့စီစဉ်ပေးမယ်"

M:"ပုံမှန်ပြင်ဆင်နေကြမှာပဲလှသလိုထည့်ပေးရင်ရပါပြီ အနီရောင်လေးပါရင်ပဲအဆင်ပြေပါတယ်"

"Okသမီး Dressကကော"

P:"ဒီမယ် ၀တ်စုံကိုတော့အနီရောင်လာမ၀တ်ခိုင်းနဲ့နော် မ၀တ်နိုင်ဘူး"

M:"ငါလည်းမ၀တ်ပါဘူး မင်းအဆင်ပြေတာ၀တ်"

P:"အဖြူရောင်"

M:"Ok cool"

စာအုပ်တစ်အုပ်နဲ့လိုက်မှတ်နေတဲ့ယောက္ခမလောင်းကိုဂရုမထားနိုင်ဘဲအသံတိတ်စစ်ခင်းနေကြသောနှစ်ယောက်။

"အန်တီကတော့ ပွဲကိုသုံးပွဲလောက်လုပ်ချင်တယ်"

P:"ကျွန်တော်ရောပဲ"

M:"သုံးပွဲ?"

"အဆင်မပြေလို့လားသမီး"

M:"အဲ့လိုတော့လည်းမဟုတ်ပါဘူး ပင်ပန်းမယ်ထင်လို့ပါ"

"ဒါကတော့သမီးအမေတို့ရဲ့ဆန္ဒလည်းပါတော့ အန်တီလည်းမပြောတတ်ဘူး"

M:"ရပါတယ်အန်တီ အဲ့လိုပဲလုပ်လိုက်ပါ"

"ဧည့်ခံပွဲအတွက်ခန်းမ အန်တီစုံစမ်းလာခဲ့တယ် တစ်ချက်ရွေးကြည့်ပါအုံး"

SUGAR MOMMYWhere stories live. Discover now