"ဒီနေ့ရဲ့အစည်းအဝေး ကတော့ဒီလောက်ပါပဲ အခုတင်ပြခဲ့တဲ့အတိုင်းဒီprojectကိုဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါပြီ ရလဒ်ကိုစောင့်မျှော်ပေးကြပါအုံး အစည်းအဝေးနဲ့မဆိုင်ပေမယ့်လူစုံတုန်းမှာကြေညာချင်တာလေးတစ်ခုရှိပါတယ် နောက်လမှာကျွန်မ,မင်္ဂလာဆောင်ရှိပါတယ်"
လက်ခုပ်သံတဖြောင်းဖြောင်းနှင့်တီးတိုးစကားသံအချို့အစည်းအဝေးခန်းအတွင်းပျံ့နှံ့သွားသည်။
"ဒီလောက်ပါပဲ ပြန်လို့ရပါပြီ ဖိတ်စာရရင်အားလုံးကိုပို့လိုက်ပါ့မယ်"
အစည်းအဝေးခန်းမှအပြန်
"ဒီနေ့အစည်းအဝေးတက်တဲ့သူလူစာရင်းသေချာမှတ်ထားလိုက် ပြီးရင် SheinShine Companyကိုပို့လိုက် ဒီလူစာရင်းအလိုက်ဖိတ်စာလုပ်ပေးဖို့ပြော"
"ဟုတ်ကဲ့Boss"
"ငါ့အခန်းထဲ lemon tea တစ်ခွက်ပို့လိုက်"
"ဟုတ်ကဲ့Boss"
ဒီနေ့အတွက်အစည်းအဝေးလည်းပြီးပြီ။စစ်ဆေးစရာရှိတာလည်းစစ်ဆေးပြီးပြီဆိုတော့ဟိုကောင်လေးအကြောင်းစုံစမ်းရမည်ပင်။
ဘယ်သူ့ကိုစုံစမ်းခိုင်းရမလဲ
နားထင်ကိုထောက်ထားတဲ့လက်ဖြူဖြူတစ်စုံပေါ်ရှိသွေးကြောစိမ်းတို့ကနေရာတကျလှပနေသည်။မျက်တောင်ရှည်တို့အနားသတ်ထားသောမျက်၀န်းတစ်စုံကမှိတ်နေပေမယ့်ကျုံ့ထားသောမျက်ခုံးနှင့်ယှဉ်ကြည့်လိုက်တော့အဓိပ္ပါယ်ရှိနေမြဲ။ဖြောင့်စင်းတဲ့နှာတံချွန်မြမြအောက်ကလှပတဲ့နှုတ်ခမ်းဖူးတစ်စုံ။
ဘယ်အချိန်ချိန်ကြည့်ကြည့်မရိုးသွားနိုင်သောအလှမျိုး။အမြဲငေးမောနေရုံသာ။
ဒေါက်! ဒေါက်!
တံခါးခေါက်သံကြောင့်သူမ,မော့ကြည့်၍လှပတဲ့မျက်၀န်းတစ်စုံနှင့်အကြည့်ချင်းဆုံခွင့်ရခဲ့သည်။
"David"
"အံ့သြသွားလား my lady"
"ဘယ်လိုရောက်လာတာလဲ"
မတ်တပ်ရပ်ကာကိုယ့်အနားလျှောက်လာ
သည့်သူမအရပ်သည်ကိုယ်နဲ့မတိမ်းမယိမ်း။
YOU ARE READING
SUGAR MOMMY
Romanceမိဘတွေရဲ့ အတင်းအကြပ်စီစဉ်ပေးမှုကြောင့် လက်ထပ်လိုက်ရတဲ့ သူတို့နှစ်ဦး အသက်10နှစ်ကွာတဲ့ သူတို့ကြားက ဖြစ်ပေါ်လာမယ့် အချစ်