မသိစိတ်က လက်ခံနေမိရင်တောင် သိစိတ်ကတော့ လက်ခံပေးလို့ မရတာမို့ သူ့ကို စောင့်တွန်းပြီး ထထိုင်လိုက်ရတော့သည်။ သူက အိပ်မက်ယောင်နေသူလိုပင် မျက်လုံးတွေ ဝိုင်းသွားတယ်။
Yibo <POV>
ကျွန်တော် ဘယ်လိုဖြစ်သွားတာလဲမသိ။ နေ့လယ်ကထဲက ကျွန်တော့်စိတ်တွေ ရှုပ်ထွေးနေတာမို့ တော်တော်နဲ့ အိပ်မပျော်နိုင်။ ကျွန်တော် အခန်းပြင်ထွက်ပြီး စကိတ်စီးရန် ကြိုးစားလိုက်သေးသည်။
ဘာလုပ်လုပ် စိတ်မပါတာမို့ အခန်းထဲပြန်ရန် ဦးတည်လိုက်သော်လည်း ခြေလှမ်းတွေက ဘေးကအခန်းကို ဦးတည်ပြီးသား ဖြစ်နေသည်။
သူနဲ့ကျွန်တော်က အခန်းကပ်ရပ်။ ညတိုင်း ကျွန်တော့်အခန်းဆီပြန်လာတိုင်း ကော သူ့အခန်းထဲက ထွက်ထွက်လာတာ တွေ့တွေ့နေရတယ်။ ကောနဲ့သူ့ရဲ့ ဆက်ဆံရေးကို သေချာမသိပေမယ့် ကော သူ့အခန်းထဲက ထွက်လာတာမြင်တိုင်း ကျွန်တော် နာကျင်ရတယ်။ ဒါတောင် သူတို့ official တွဲတာ မဟုတ်သေး။
ကျွန်တော့်ရည်ရွယ်ချက်က သူ့ကို ခဏဝင်ကြည့်ရုံသာ။ အိပ်ပျော်နေတဲ့သူ့အား ကြည့်နေရင်းနဲ့မှ ကျွန်တော် သတိလွတ်သွားတာပင်။
ကြည့်နေတုန်း မြင်နေတာ သူမှန်း သိပေမယ့် စိတ်ထဲမှာတော့ ကြည့်နေရင်းနဲ့ပင် သူ့ကို မမြင်ဘဲ ဝေ့ရင်းလို့ ထင်လာတာ။ ဘာလို့ အမြဲ သူတို့နှစ်ယောက်ကို ရောထွေးနေလဲ ကျွန်တော် မတွေးတတ်။ အတွေးထက် အပြုအမူက ဦးသွားသည်မို့ သူ့ကို နမ်းမိသွားတာပင်။
သူ ထတွန်းလိုက်မှ ကျွန်တော် သတိဝင်သွားပြီး မိုက်ခနဲပင် ဖြစ်သွားသည်။ ကျွန်တော်တော့ အမှားကြီး လုပ်လိုက်မိပြီ။
"Xiaozhan ငါ...ငါ တကယ်တောင်းပန်ပါတယ်"
"မင်း ငါ့ကို ဘယ်လိုသဘောထားနေတာလဲ။ ငါ့ကို အထင်သေးတာလား"
"မဟုတ်ဘူး။ အဲ့လိုသဘောမဟုတ်ဘူး။ ငါ မင်းကို အမြင်မှားပြီး...ငါ...ငါ..."
"အမြင်မှားတယ်? မင်းက တကယ် အရူးပဲ"
သူ့အသံက မကျယ်ပေမယ့် ဒေါသသံ စွက်နေတယ်။
YOU ARE READING
Because Of You [Completed]
FanfictionIf I know What Is Love , It Is , Because Of You. Wang Yibo & Xiaozhan (YiZhan Fanfiction) ❤️ Second lead _ ရှီးချန် & မုန့်ယောင် ❤️ Book cover by @imeri_