ဒီနေ့က ကျွန်တော်တို့ရိုက်ခဲ့တဲ့ ကားရဲ့ Press conference ပွဲနေ့ဖြစ်သည်။ စင်ပေါ်တက်မိတ်ဆက်ကြပြီးနောက် အစီအစဉ်တိုင်း အားလုံး လုပ်ခဲ့ကြသည်။ အားလုံးပြီး၍ နှုတ်ဆက်ခါနီးကျမှ MC မှ ကျွန်တော့်အတွက် သီးသန့် မေးခွန်းတစ်ခု ဖြေပေးရန် တောင်းဆိုလာသည်။
🎤 အခုတလော ပရိတ်သတ်တွေက Wang Yibo ကိုအရင်နဲ့ မတူတော့ဘူးလို့ ပြောနေကြတယ်။ ဘယ်လိုပြောရမလဲ အရယ်အပြုံးတွေလည်း ပိုများလာတယ်၊ ပျော်နေတဲ့ပုံပေါက်တယ်လို့ ပြောနေကြတယ်။ သူတို့က သတင်းကောင်းကြားရတော့မှာလား၊ သူတို့ အသည်းကွဲရတော့မှာလား တဲ့။
"ဘယ်လိုပြောရမလဲ၊ သူတို့ထင်တာ မှန်ပါတယ်။ သတင်းကောင်းကြားဖို့ သိပ်မလိုတော့ပါဘူး"
အကုန်လုံး အံ့ဩကုန်ကြသည်။ ဝေ့ရင်းကို လှမ်းကြည့်လိုက်တော့ မျက်လုံးဝိုင်းသွားတာမို့ လှမ်းပြုံးပြလိုက်မိသေးတယ်။
🎤 Wow ဘယ်သူလဲ ကြေငြာပေးဖို့ မလိုတော့ဘူးလား။
"ကျွန်တော် တစ်ခုပြောချင်သေးတယ်။ ကျွန်တော့်ကို ဒီခြောက်နှစ်လုံးလုံး ဟိုးမအောင်မြင်ခဲ့တဲ့ အချိန်ထဲကနေ အခုထိ ဆက်တိုက် အားပေးလာကြတဲ့ fan တွေကို တကယ် ကျေးဇူးတင်တာပါ။ ကျွန်တော်လည်း သာမန်လူပဲဆိုတော့ အရမ်းပင်ပန်းလာတဲ့ အချိန်တွေဆို နောက်ပြန်ဆုတ်ပြီး လက်လျှော့လိုက်ဖို့ တွေးခဲ့ဖူးတဲ့ အချိန်တွေ ရှိခဲ့ဖူးတာပဲ။ အဲ့လိုအချိန်တွေဆို သူတို့ အားပေးမှုတွေနဲ့ ရှေ့ဆက်လျှောက်ဖို့ အားအများကြီး ရခဲ့ရာကနေ အခု ကျွန်တော် ဒီနေရာအထိ ရောက်လာခဲ့တာပါ။ သူတို့ကို ချစ်တယ်။ ကျွန်တော့်အနုပညာအလုပ်ကို တကယ်ချစ်တယ်။ အဲ့ဒါတွေ အားလုံးထက် ကျွန်တော့်လက်တွဲဖော်ကို ပိုချစ်တယ်ဆို fan တွေ စိတ်ဆိုးလည်း ခံရမှာပဲ။
ကျွန်တော် ရွေးချယ်တာကို လက်မခံနိုင်ဘူးဆိုရင်တောင် သူ့ကို နာကျင်စေမယ့် comment မျိုးတွေ ထွက်မလာစေချင်တာပါ။ ကျွန်တော် အတည်တွဲတာနဲ့ official ချပြမှာပါ။ အဲ့အချိန်ထိ စောင့်ပေးပါ"
🎤 ဟုတ်ကဲ့ပါ။ ပြီးတော့ အခုကားမှာ မင်းသားအသစ် Xiaozhan နဲ့ သတင်းတွေ ထွက်တယ်နော်။ ပုံမှန်လည်း Yibo က ဒီလိုထွက်နေကျဆိုပေမယ့် အခုတစ်ခေါက်က Fan တွေကပါ အရမ်း သဘောတူနေကြတဲ့ Cp ဆိုဝောာ့ အဲ့ပေါ်မှာ တစ်ခုခု ရှင်းချင်တာများ ရှိဦးမလား။
YOU ARE READING
Because Of You [Completed]
FanfictionIf I know What Is Love , It Is , Because Of You. Wang Yibo & Xiaozhan (YiZhan Fanfiction) ❤️ Second lead _ ရှီးချန် & မုန့်ယောင် ❤️ Book cover by @imeri_