"ကျန်းချန်"
"ဟူး. . .မင်းဆီလာရတာ ပင်ပန်းလိုက်တာ"
"ငြီးတယ်နော်။ သူကလည်း နောက်ကျသေးတယ်"
"အေးလေ၊ အဲ့ဒါမို့ ငါ မင်းကို နည်းနည်းနောက်ကျမှ ထွက်ခဲ့လို့ ပြောသားပဲ။ မင်းဖုန်းက ဘာမှလည်း မကြားရဘူး။ ဆယ်ခါလောက်ကလည်း ခေါ်ရသေးတယ်။ နာမည်ကြီး idol ဖြစ်နေပြီပဲကို ကောင်းကောင်းကန်းကန်းလေး သုံးစမ်းပါ"
"ရေသောက်ဦးမလား၊ အမောလည်း စို့နေဦးမယ်။ ငါ့ဖုန်းက ရိုက်ကွင်းမှာ ကျန်ခဲ့တာ။ မင်း ခေါ်သေးတာလား။ ဖုန်းကို ကိုင်လိုက်သေးလို့လား"
"ဪ. . .အဲ့ဒါဆို ကိုင်လား မကိုင်လားတော့ မသိဘူး။ ဘာအသံမှမကြားတာနဲ့ ချလိုက်တယ်။ ထားပါတော့၊ ဆိုစမ်းပါဦး ငါ ဒီပြန်ရောက်တာနဲ့ မင်းသတင်းတွေကတော့ မမြင်ချင်မှ အဆုံးနော်။ ဇာတ်ကားတောင် မလွှင့်ရသေးဘူး နာမည်ကြီးလှချည်လား"
"ဟက်. . .ဒီလောကနဲ့ ကံစပ်တယ်ထင်တယ်"
"အပိုတွေ၊ မင်းဒီလောက်ကြိုးစားထားတာကို။ ဒါနဲ့ မင်း Yibo ကို ဘယ်အချိန်ထိ လိမ်ထားမို့လဲ"
"ငါ ဘယ်မှာလိမ်လို့လဲ။ သူကမှ ငါ့ကို မမှတ်မိတာလေ"
"သူ မင်းကို ဘယ်လောက်ထိ မေ့နေတာလဲ"
"အကုန်နီးပါး ထင်တာပဲ။ နာမည်ကို ခေါ်နေတာပဲ ရှိတာ၊ ဘာမှ မသိတဲ့ပုံပဲ"
"အင်း၊ မင်း ငါ့ကို လှမ်းပြောခဲ့တုန်းက ငါတောင် အံ့ဩသွားသေးတယ်။ မင်းကိုတွေ့တော့ သူ လူမှားသလို ဖြစ်တယ်ဆိုတာလေ။ ဒါ တကယ့်ကို သူအချစ်ကို မြင်ရတာပဲမလား။ အကုန်မေ့နေတာတောင် မင်းကိုမြင်တာနဲ့ မှတ်မိချင်သလို ဖြစ်နေတာဆိုတော့..."
"ကျန်းချန် မင်း အမြဲ သူ့ဖက်ကပဲ ကာပြောပေးနေတုန်းနော်။ ငါက မင်းသူငယ်ချင်း အရင်းကြီးပါကွ"
"အေးပါကွာ၊ သူ့ဖက်က ကာပြောတယ်လို့တော့ မဟုတ်ပါဘူး။ ငါက မင်း နောက်တစ်ခေါက် ထပ်နာကျင်ရမှာစိုးလို့ပါ။ အခုလို မင်း ထူထူထောင်ထောင် ပြန်ဖြစ်လာတာနဲ့ကိုပဲ ငါက ဝမ်းသာနေပါပြီ"
"ငါ အဆင်ပြေပါတယ်"
"မဟုတ်ဘူးနော်။ ငါပြောချင်တာက မင်း အခု ဘာလုပ်ချင်နေတာလဲ။ မင်း အဲ့တုန်းက အသက်အန္တရာယ်နဲ့ နီးခဲ့တာနော်။ နောက်တစ်ခေါက် ထပ်ပြီး..."
ESTÁS LEYENDO
Because Of You [Completed]
FanficIf I know What Is Love , It Is , Because Of You. Wang Yibo & Xiaozhan (YiZhan Fanfiction) ❤️ Second lead _ ရှီးချန် & မုန့်ယောင် ❤️ Book cover by @imeri_