မျက်လုံးဖွင့်ဖွင့်ချင်း ခံစားမိတာက ကျွန်တော့်နောက်ကျောက သူ့ရဲ့ကိုယ်ငွေ့ နွေးနွေးလေး။ သူ ကျွန်တော့်ကို အနောက်မှ သိုင်းဖက်ထားပြီး အိပ်ပျော်နေတုန်းပင်။ မထချင်သေးသော်လည်း ရိုက်ကွင်းက အစောကြီး သွားမှ ဖြစ်မှာမို့ သူ မနိုးအောင် ကျွန်တော့်ခါးကို ဖက်ထားသည့် သူ့လက်ကို အသာလေး မပြီး ကုတင်ပေါ်က ဆင်းလိုက်သည်။ကျွန်တော် ရေချိုးခန်းထဲမှာပဲ မျက်နှာသစ် ရေချိုးပြီး အဝတ်အစားပါ တစ်ခါထဲလဲခဲ့လိုက် တော့တယ်။ ပြန်ထွက်လာတဲ့အထိ သူ အိပ်မောကျနေတုန်းပဲ။
နောက်တစ်ပတ်ကို သူက ကျွန်တော့်ကို နားစေချင်တာကြောင့် လာဖြစ်မှာမဟုတ်တာမို့ သူ့မျက်နှာကို သေချာကြည့်နေမိလိုက်တယ်။
" Yibo ...ငါ မင်းကို ထပ်ပြီး မနာကျင်စေချင်တော့ပါဘူး။ အမှန်တရားတွေ သိသွားရင် မင်း အရမ်းခံစားသွားရမှာ သေချာတယ်။ ငါ ဘာဆက်လုပ်ရမလဲ။ မင်း ယုံကြည်လွန်းတဲ့သူတွေက ငါ့ကို သတ်ဖို့ကြိုးစားခဲ့တာကို သိသွားရင် မင်း နှစ်ဖက်ကြားထဲ ဗျာများနေရတော့မှာပဲ။
ငါ သူတို့ကို ခွင့်မလွှတ်ချင်ဘူး။ ငါ ဘယ်လောက် ခံစားခဲ့ရလဲ။ ငါ့အိပ်မက်တွေ..ငါ့ငယ်ဘဝတွေ..ငါ ချစ်ရတဲ့သူတွေကို အားလုံး ဆုံးရှုံးခဲ့ရတာ။ တောင်းပန်တယ် တစ်ခွန်းတောင် မပြောနိုင်တဲ့ မင်းသူငယ်ချင်းကြောင့် ငါ့သူငယ်ချင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ သေခဲ့ရတာ။
နောက်ကျောကို ဓားနဲ့ ထိုးခံလိုက်ရတဲ့ ခံစားချက်က ဘယ်လောက်ဆိုးရွားလဲ ငါ နှစ်ကြိမ်တိတိ ခံစားဖူးတာမို့ မင်းကို ထပ်ပြီး ငါ့လို မနာကျင်စေချင်တော့ဘူး။
ငါ တကယ်ပဲ မင်းအတွက် ဖြစ်ဖြစ် အားလုံးကို ခွင့်လွှတ်ပေးလိုက်ရမလား။ ငါ့စိတ်တွေ အရမ်းကို ရှုပ်ထွေးနေပြီ။ ဘာဆက်လုပ်ရမလဲ ငါ မသိတော့ဘူး ..."
ဒီစကားတွေ သူကြားမှာစိုးလို့ စိတ်ထဲကသာ ရေရွတ်နေမိတာပါ။ ကျွန်တော် သူ့နဖူးကို ခပ်ဖွဖွ ငုံ့နမ်းပြီး တခြားသူ သတိမထားမိအောင် mask တပ် ဦးထုပ်ဆောင်းကာ အခန်းပြင်ထွက်ခဲ့လိုက်တော့သည်။
YOU ARE READING
Because Of You [Completed]
FanfictionIf I know What Is Love , It Is , Because Of You. Wang Yibo & Xiaozhan (YiZhan Fanfiction) ❤️ Second lead _ ရှီးချန် & မုန့်ယောင် ❤️ Book cover by @imeri_