Chapter 20

13.6K 1.1K 24
                                    

လွန်ခဲ့သော 9နှစ်...(Aug,2010)

"တောက် Wang Yibo မင်းတော်တော်ယုတ်မာတာပဲ။ ငါ့ကို ကျောချင်ရုံနဲ့"

"ဝမ်ချောင် မင်း ဘာဖြစ်နေတာလဲ"

"ဝေ့ရင်းက Yibo ဆီပါသွားပြီ"

"ငါ ထင်တော့ထင်သား။ မင်းတို့ကတိအတိုင်း တည်အောင်နေကြတော့နော်။ မင်းတို့နှစ်ယောက် စိန်ခေါ်ထားတာကို သူ ဘယ်တော့မှ မသိစေနဲ့။ ဝေ့ရင်းက Yibo ကိုအရင်ထဲက စိတ်ဝင်စားနေတာ"

"သူက ဘယ်လိုလုပ် ဒီကောင့်ကို သဘောကျသွားရတာလဲ။ တစ်ကွက်မှ အချိုးမ‌ပြေတာကို။ ငါ ငယ်ငယ်တည်းက ချစ်ခဲ့တာကြ မမြင်ဘဲ သုံး လေးလလောက်ပဲ တွေ့ရသေးတဲ့ သူ‌ နောက်ကိုကျတန်းကို ပါသွားတာပဲ။ သူ အဲ့လောက် လွယ်မှန်း ငါမသိခဲ့ဘူး။ ကြိုသာသိရင် ငါ အရင်ထဲက ကြံခဲ့တယ်"

"ဝမ်‌ချောင် မင်း အဲ့လိုမပြောနဲ့လေ။ အချစ်က နီးတာ ဝေးတာနဲ့ မဆိုင်ဘူး၊ သူ့ခံစားချက်နဲ့ပဲ ဆိုင်တာ။ သူ Yibo ကို သဘောကျလို့ သူ လက်ခံတာလေ၊ လွယ်တယ်လို့ သုံးတာတော့ လွန်လွန်းတယ်။ မင်း ကြိုးစားကြည့်လည်း သူသာ မင်းကို မကြိုက်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ စကားပြော ဆင်ခြင်"

"ကျန်းချန် မင်းက အခုထဲက Wang Yibo ဘက်ပါနေတာလား။ မင်းလည်း ဝေ့ရင်းကို ကြိုက်နေတာတော့ မဟုတ်ပါဘူးနော်"

"တော်စမ်းပါ၊ ငါ ဘယ်သူ့ဖက်မှ မပါဘူး၊ ငါ ဝေ့ရင်း စိတ်ချမ်းသာဖို့ပဲတွေးတယ်။ ငါ သူ့ကို ဟိုငယ်ငယ်တည်းက ညီအရင်းတစ်ယောက်လို ချစ်တာ၊ သူပျော်ဖို့ပဲ ငါတွေးတယ်။ မင်းတို့တွေလို ကိုယ့်ခံစားချက် တစ်ခုပဲ ကြည့်ပြီး သူ့ကို ချစ်ပါတယ် ပြောတာထက်တော့ ငါ့အချစ်က ဖြူစင်တယ်၊ သူက သေတဲ့အထိ ငါ့ညီပဲ။ ငါ သွားပြီ၊ မင်း ကိုယ့်စကားကိုယ်တည်နော်။ မဟုတ်တရုတ် မကြံနဲ့။ သူတို့နှစ်ယောက် အဆင်မပြေရင် သူတို့ဘာသာ သူတို့ ပြန်လမ်းခွဲသွားလိမ့်မယ်။ သူတို့နှစ်ယောက် ကြာကြာလည်း ခံမှာ မဟုတ်ပါဘူး။ နှစ်ယောက်လုံးက ပြဒါးတစ်လမ်း သံတစ်လမ်းတွေ"

"မြဲစရာလား၊ Wang Yibo လိုကောင်မျိုးလား ဝေ့ရင်းဒဏ်ခံနိုင်မှာ"

Because Of You [Completed]Where stories live. Discover now