ကျွန်တော် အချိန်တော်တော်ကြာကြာ အခန်းပြင်ဘက်တွင်သာ ထိုင်နေမိတယ်။ အတွေးနဲ့တင် ကျွန်တော် ရူးတော့မယ် ထင်ပါရဲ့။ မဖြစ်နိုင်လောက်ပါဘူး၊ ကျွန်တော် ရက်ရက်စက်စက် လုပ်မိတဲ့သူက ကျွန်တော့်ရင်ထဲ တည့်တည့် ပြန် ရောက်လာဖို့ဆိုတာ တိုက်ဆိုင်မှု တစ်ခု သက်သက်ပဲလား။ ကျွန်တော် ဝဋ်လည်တာများလား။ လက်ဖျားနဲ့တောင် ထိဖို့ မရည်ရွယ်ထားခဲ့သူကို ကျွန်တော့်လက်ချက်နဲ့ ဘာတွေလုပ်ခဲ့မိတာလဲ။
ဒါ ဘယ်လိုမှ မယုံနိုင်စရာ တိုက်ဆိုင်မှုမို့ အိတ်ကပ်ထဲမှ ဖုန်းကိုဖွင့်ပြီး မုန့်ယောင်ဆီ ခေါ်လိုက်မိသည်။ အတတ်နိုင်ဆုံး စိတ်ကို ငြိမ်အောင်ထား အသံကို တုန်မနေအောင် သတိထားပြီး ခေါ်လိုက်ရတယ်။
"အင်း၊ ကော ပြောလေ၊ ဒီချိန်ကြီး ဘာလို့လဲ"
"မုန့်ယောင် မင်း ဝေ့ရင်းကိစ္စ စုံစမ်းနေတာ ဘယ်လိုလဲ။ ခုထိ ဘာမှ မသိရသေးဘူးလား"
"အင်း၊ မသိရသေးဘူး။ အဲ့ဒါမေးဖို့ ညသန်းခေါင်ကြီး ဖုန်းထခေါ်တာလား။ ကျွန်တော် အမြန်ဆုံး သိရအောင် စုံစမ်းနေပါတယ်။ ဘာလို့လဲ တစ်ခုခု ဖြစ်နေလို့လား"
"မဟုတ်ပါဘူး၊ ဒီတိုင်းပဲ။ ငါလုပ်ခဲ့တာဆိုတော့ ငါနဲ့ တိုက်ရိုက်ရှင်းရမှာပဲလေ။ တစ်ခုခုဆို ကြိုတင်ပြင်ဆင်လို့ရအောင်"
"ကော ဘာတွေ လန့်နေတာလဲ။ သူပြန်ပေါ် လာရင်တောင် ကောကို ဘယ်လိုမှ သူ မသိပါဘူး။ကောနဲ့ ဒီကိစ္စ ဘာမှ ပတ်သက်စရာ မရှိစေရဘူး၊ ကျွန်တော့်ကိုယုံ။ အခုထိ မအိပ်သေးဘူးလား"
"အင်း၊ ဒီတိုင်းတွေးမိပြီး လှမ်းဆက်လိုက်တာ။ ဒါနဲ့ တစ်ခုလောက် စုံစမ်းပေးလို့ရမလား"
"အင်း၊ ပြောလေ ကော"
"Xiaozhan အကြောင်း စုံစမ်းပေးနိုင်မလား"
"Xiaozhan အကြောင်း ဘာလို့ စုံစမ်းချင်တာလဲ၊ ဘာသိချင်တာလဲ"
"သူ အနုပညာလောကထဲ မဝင်လာခင်က အကြောင်းတွေ အကုန်သိချင်လို့"
"သဘောလေ၊ ကျွန်တော် စုံစမ်းခိုင်းလိုက်မယ်။ သူနဲ့ အဆင်မပြေသေးဘူးလား။ ဒီနေ့ သူ့ကို ကောနဲ့ တွေ့လို့ရအောင် Yibo ကို အာရုံလွှဲထားပေးတာကို"
ВЫ ЧИТАЕТЕ
Because Of You [Completed]
ФанфикIf I know What Is Love , It Is , Because Of You. Wang Yibo & Xiaozhan (YiZhan Fanfiction) ❤️ Second lead _ ရှီးချန် & မုန့်ယောင် ❤️ Book cover by @imeri_