Chapter 32

13.5K 1K 70
                                    

မျက်နှာချင်းဆိုင် ထိုင်နေရာမှ သူ့ကိုယ်လေးကို ဆွဲလှည့်လိုက်ကာ ကုတင်ပေါ် ဖြည်းဖြည်းချင်း လှဲချစေလိုက်ပြီး သူ့ကို စက္ကန့်အနည်းငယ်လောက် အုပ်မိုးကြည့်နေမိသည်။ သူ ခွင့်ပြုတယ်ဆိုပေမယ့် ဆိုးခနဲ ဆတ်ခနဲတော့ သွားမလုပ်ရဲသေး။ ဒါ သူ့ရဲ့ ပထမဆုံးအကြိမ်ဖြစ်နေသလို သူ အတင်းကြိုးစားထားရသည့် ပထမဆုံးအခေါက်လည်း ဖြစ်တာမို့ ပထမဆုံးအကြိမ်နဲ့ ကျွန်တော့်ကို လန့်သွားလျှင် နောက်ပိုင်းထိလို့ရမှာ မဟုတ်တော့။ ဖြည်းဖြည်းချင်း စမှ ဖြစ်လိမ့်မည်။

"ဘာလို့ အဲ့လိုကြီး ကြည့်နေတာလဲ။ လုပ်မယ်ဆို စတော့လေ။ ငါ ရှက်လာပြီ"

"ဒါဆို စပြီ၊ အဆင်မပြေတာနဲ့ တန်းပြောနော်၊ ငါ ရပ်ပေးမယ်"

"ကြိုက်သလိုလုပ်ပါ၊ ငါက မင်းအပိုင်ပဲ" 

သူ့စကားကြားရတာနဲ့တင် အောက်ကကောင်က ဆန္ဒပြနေပြီ။ အဲ့ကောင်က သူ့သခင်ကို သိသည့်အလား ဝေ့ရင်းကို ထိလိုက်တာနဲ့ အမောက်ထောင်ပြီး သခင့်ကိုယ်ထဲ တိုးဝင်ဖို့ပဲ ချောင်းနေတဲ့ကောင်မို့ နေ့တိုင်းချော့နေခဲ့ရတာ။ အခု ခွင့်ပြုချက် ရပြီဆိုတော့ ကျွန်တော့်ထိန်းနိုင်တဲ့စိတ်က လွှတ်ထွက်ဖို့အတွက် မီးစိမ်းပြနေပြီ။

သူ့မျက်နှာပြင်နုနုထက် အနမ်းမိုး ကြဲချလိုက်ပြီး လက်ကလည်း အဝတ်တွေကို အမြန်ဖယ်ရှားလိုက်သည်။ သူ အသက်ရူမဝတော့လို့ ထင်တယ်၊ ကျွန်တော့်ရင်ဘတ်ကို တွန်းလာတာမို့ ခဏခွာပေးပြီး ကျွန်တော့်အဝတ်အစားတွေကို အမြန်ဖယ်ပစ်လိုက်တော့သည်။

အခု ကျွန်တော်လုပ်ရမှာက သူ့ကိုပါ စိတ်ပါလာအောင် လုပ်နိုင်မှ၊ မဟုတ်ရင် သူ ကျွန်တော် ဆက်လုပ်မှာ မှန်သမျှကို လန့်သွားမှာ သေချာတယ်။ အခုအဖြစ်က ချိန်ကိုက်ဗုံးနား ရောက်နေသလိုပင်။ အခုတောင် သူ့မျက်လုံးက ဂနာမငြိမ်ချင်တော့။

သူ့လည်တိုင်ကို ငုံ့နမ်းပြီး ရင်ဘတ်တစ်လျှောက် အမှတ်များ ပေးနေမိတော့သည်။ တဖြည်းဖြည်းနဲ့ ကျွန်တော့်လက်တွေ အောက်ရောက်လာတော့ သူ လှမ်းဆွဲလာတာမို့ ကျွန်တော် မော့ကြည့်တော့မှ လက်ကို ပြန်လွှတ်ပေးလာတာ။

Because Of You [Completed]Where stories live. Discover now