Chapter 1

56.5K 2.1K 41
                                    

Star Academy company ထဲသို့ "Fighting Xiaozhan" ဟုဆိုကာ သူ့ကိုယ်သူ အားပေးမှုပြုပြီး ဝင်လာခဲ့သည့် ကောင်လေးတစ်ယောက်ရှိသည်။

သူ့နာမည်က Xiaozhan...သူ့ရဲ့ မျက်လုံးလှလှ အပြုံးလှလှက မြင်သူ ငေးလောက်သော ရုပ်ရည်မျိုး။ ထင်ရှားသော အမှတ်အသားကို ပြပါဆိုလျှင် နှုတ်ခမ်းအောက်က မှဲ့နက်လေးက တစ်ခါမြင်ဖူးရုံနဲ့ သတိထားမိစေသည့် ရုပ်မျိုးပင်။

သူက တက်သစ်စ အနုပညာရှင်တစ်ယောက် ဖြစ်သလို မကြာသေးခင်ကမှ audition ရွေးခံထားရသည့် အသစ်ကလေးတစ်ယောက်။

သူ စိတ်လှုပ်ရှားမယ်ဆိုလည်း စိတ်လှုပ်ရှားစရာပါပင်။ အခုရိုက်မယ့်ကားက သူကလွဲရင် အားလုံး နာမည်ကြီးတွေချည်း။ ဇာတ်ညွှန်းကလည်း နာမည်ကြီး စာရေးဆရာမရဲ့ဝတ္ထုမို့ ပရိသတ်တွေက အရမ်းစိတ်ဝင်စားနေသော ဇာတ်လမ်းပင်။

အထူးသဖြင့် ခေါင်းဆောင်အဖြစ် ပါဝင်မယ့် မင်းသားက တရုတ်ပြည်၏ ထိပ်သီးနာမည်ကြီး မင်းသား Wang Yibo ။ နာမည်ကြီးတယ်ဆိုတာထက် အရမ်းမာနကြီးပြီး ချေမိုးသည်ဟု နာမည်ကြီးသူ။ အပြိုင်မင်းသားတွေကိုလည်း ဇာတ်လမ်းသဘောအရမှလွဲလျှင် skinship မရှိသူ။ Behind the scenes တွေမှာကအစ rumor ပင် မရှိသူ။ အဲ့လိုလူမျိုးတစ်ယောက်နှင့် တွဲရိုက်ရမှာ တက်သစ်စတိုင်းရဲ့ တောင့်တမှု တစ်ခုဆိုပေမယ့် Xiaozhan ကတော့ တကယ် ဝန်လေးနေမိသည်။
.
.
.
.

Aircon ရဲ့လေထုက ဒီနေ့မှ ပိုအေးနေသယောင်ယောင်။ ထိုစဉ် တစ်ခန်းလုံးရဲ့ တိတ်ဆိတ်နေမှုကို စဖြိုခွဲလိုက်သူက...

"ဟေ့ Yibo ဒီနေ့လာမယ့် မင်းသားအသစ်က တော်တော်ချောတယ်လို့ ငါ ကြားတယ်။ မင်းအရမ်းကြီး ချေမနေနဲ့ဦး"

"အင်း"

"အင်းပဲလား၊ မင်း ဒီထက်ပိုပြောရင် အမောဖောက်မှာစိုးလို့လား"

"အင်း ကော"

"အေးပါ၊ မျှော်လင့်မိတဲ့ ငါကပဲ မှားတာပါ။ သဘော၊ မင်းသဘော"

Yibo မျက်လုံးပင့်ကြည့်လိုက်ကာ လက်ထဲမှ ဖုန်းကို ချလိုက်ပြီး...

"ကော ဘာတွေဖြစ်နေတာလဲ။ အသစ်လာမှာ ထူးဆန်းတာလည်း မဟုတ်ဘဲနဲ့ကို။ ကျွန်တော် အဲ့လောက် မရိုင်းပါဘူး"

Because Of You [Completed]Donde viven las historias. Descúbrelo ahora