Zawgyi ver
ဒီဇာတ်လမ်းကိုဖတ်မယ်ဆိုရင် the end ရဲ့နောက်မှ နောက်ဆက်တွဲ အပိုင်း ၂ ပိုင်းကိုပါဖတ်ပါ။ မဟုတ်ရင်တော့ သင်ဇာတ်ရည်လည်မည်မဟုတ်။
.
.
.နွေ ၊ နွေဦး ၊ ဆောင်း ၊ ဆောင်းဦးဆိုပြီး ရာသီတွေက အလီလီပြောင်းလာခဲ့တယ် အခုလဲ ဆောင်းဦးရာသီကုန်ပြီး ဆောင်းရာသီထဲဝင်လာခဲ့ပြီလေ......
ဆောင်းရာသီကိုရောက်ရင် လူတိုင်းရဲ့နှလုံးသားထဲမှာ ထင်ဟပ်နေတဲ့ ပုံပြင်လေးကလဲ နှင်းမှုန်လေးတွေနဲ့အတူ လတ်ဆတ်အေးမြနေဆဲ.....
Christmas ရာသီရောက်ရင် လူတိုင်းက ဒီပုံပြင်လေးကို သူတို့ရဲ့သားသမီးကိုပြောပြကြတယ် သူတို့ကတစ်ဆင့် သူတို့ရဲ့ သားမြေးမြစ်တွေထိတိုင်အောင်ပေါ့ ဒီလိုနဲ့ပဲ ပုံပြင်လေးဟာ နှစ်ပေါင်း သောင်းချီတောင် မေ့ပျောက်နိုင်ကြမှာမဟုတ်တော့ပါဘူးလေ....
ပုံပြင်လေးက လွမ်းမောဖွယ်ရာလို့ တစ်ချို့တွေကပြောကြတယ်
တစ်ချို့တွေကလဲ ကြည်နူးဆွတ်ပျံ့ဖွယ်ပါတဲ့
တစ်ချို့တွေကျတော့ နာကျင်ကြေကွဲရတယ်ဆိုပြီး ပုံပြင်ဆုံးတိုင်းငိုကြတယ်
ကိုယ့်အတွက်တော့ ဒီပုံပြင်လေးက ဘယ်အချိန်ပြန်ပြောပြော ရင်ထဲမှာ ကြည်နူးရသလို ကမ္ဘာပေါ်မှာ အချစ်ဆိုတာ အဆန်းကြယ်ဆုံးပါလားလို့လဲ ခံစားရတာပေါ့
ကိုယ့်ရဲ့ မမေ့နိုင်တဲ့ပုံပြင်လေးတစ်ပုဒ် မင်းတို့ကိုပြောပြမယ်နော်
ဟိုးးးးးရှေးးးရှေးးတုန်းကပေါ့ကွယ်.......
_____________________________________
နှင်းတွေစကျလာပြီ ပထမဦးဆုံးနှင်းကျတဲ့နေ့မှာ တောင်းဆုပြုရင် အဲ့ဆုတောင်းကပြည့်တယ်ဆိုပြီး လူတိုင်းကသတ်မှတ်ထားကြတယ် အဲ့ဒီလူတွေထဲမှာ ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးကတော့ ခြွင်းချက်ပေါ့
"ဟက် ကျွန်တော်မယုံဘူး ဆုတောင်းတွေကို.... တောင်းဆုတိုင်းသာပြည့်မယ်ဆို လူတွေဘယ်အလုပ်လုပ်ကြတော့မှာလဲ တစ်ချိန်လုံး ဆုပဲထိုင်တောင်းနေတော့မှာပေါ့"
မိဘမဲ့ဂေဟာတစ်ခုမှာ ကလေးတွေကိုပုံပြင်ပြောပြနေတဲ့ mother(ခရစ်ယာန်သီလရှင်) ရဲ့စကားအဆုံးမှာ ရုတ်တရက်ကြီးထပြောလာတဲ့ ဝမ်ရိပေါ်ဆိုတဲ့ ဂျစ်ကန်ကန်ကလေးတစ်ယောက်ရဲ့စကားကို အေးမြတဲ့အပြုံးလေးနဲ့ပဲတုံ့ပြန်ပြီး
YOU ARE READING
ဆန်းကြယ်သော ဆောင်း (ဆန်းကြယ်သော ဆောင်း) Complete
Fanfictionangel တွေကိုမယုံကြည်ခဲ့တဲ့ ကျွန်တော့်ဘဝထဲကို အမှတ်မထင် ကိုကိုရောက်လာပြီး angel တွေကို ယုံကြည်သွားချိန်မှာ ပြန်ရောက်လာတာက အတောင်ပံကျိုးတဲ့ နတ်သားတစ်ပါး