Zawgyi ver
ဘာလိုလိုနဲ့ christmas နေ့တောင်ရောက်တော့မယ် ကိုကို
၁၃ နှစ်ရှိပြီ ဒီ ၁၃ နှစ်အတွင်း ကိုကိုကူညီခဲ့တဲ့ ကလေးလေးက ကိုကို့ကို တစ်ရက်မှမေ့မရခဲ့ပါဘူးဆုတောင်းဆိုတာကို မယုံကြည်ခဲ့တဲ့ ကျွန်တော်က အခုဆို christmas နေ့တိုင်း christmas ကြယ်ကိုကြည့်ရင်း ဆုတောင်းခဲ့တဲ့ တစ်ခုတည်းသောဆုက ကိုကိုနဲ့ပြန်တွေ့ရဖို့ပါ
ကိုကိုကော ကျွန်တော့်ကို သတိရနေပါ့မလား ပြန်တွေ့ရင် ဒီကလေးလေးကိုမှတ်မိပါဦးမလားလေ....လွမ်းတယ်ကိုကို...ကိုကို့ရဲ့ အေးမြတဲ့အပြုံးလေး မြင်ချင်သေးတယ်
ကျွန်တော့်ရဲ့နတ်သားလေးရေ ကျွန်တော့်ရှေ့မှာ တစ်ခါလောက် ကိုယ်ထင်ပြပါဦးလားဟင်....
ရိပေါ်မှာ christmas နားနီးလာတိုင်း သူအမြတ်တနိုးသိမ်းထားခဲ့တဲ့ ရွှေရောင်ဘူးလေးထဲက အဖြူ ရောင်တောင်ပံလေးတစ်ချောင်းကို ရင်မှာပိုက်ရင်း သူ့နတ်သားလေးပြန်လာမယ့်နေ့ကိုစောင့်မျှော်နေတုန်းပင်....သူယုံကြည်တယ် နတ်သားလေးက သူ့ဆီပြန်လာမယ်လို့ ခေါင်းငြိမ့်ပြသွားတယ်မလား....
*Santa Claus ကြီးရေ ကျွန်တော့်ရဲ့ ၁၃ နှစ်တာဆုတောင်းတွေကို မကြားဖူးလားဗျာ တစ်ခါလောက်လေးဖြစ်ဖြစ် ဖြည့်ဆည်းပေးပါ*
.
.
.
.
~ဂလောင် ဂလောင် ဂလောင်~"ဟေ ဘာဖြစ်ပြန်တုန်းဟ ဘယ်သူ့ရဲ့လေးနက်တဲ့ဆုတောင်းရောက်လာပြန်ပြီလဲ?"
"ထုံးစံအတိုင်း နတ်သားရှောင်းကျန့်ကူညီခဲ့တဲ့ကောင်လေးရဲ့ဆုတောင်းရောက်လာတာပါ Santa"
"ဟူးးး ဒီကောင်လေး အချိန်ကိုမှန်နေတာပဲ နှစ်တိုင်း ဒီအချိန်ဆို သူ့ဆုတောင်းက ငါ့နားစည်ကွဲမတတ်ပဲ"
"Santa နှစ်တိုင်း ဒီအချိန်မှ ဆုတောင်းတာမဟုတ်ပါဘူး"
"ဟင် အိမ်မက်နတ်သားက ဘာကိုပြောချင်တာလဲ?"
"ဒီကလေးကို ကောင်းမွန်တဲ့အိမ်မက်တွေပြင်ဆင်ပေးဖို့သွားတိုင်း သူ့ရဲ့တစ်ခုတည်းသောအိမ်မက်က ရှောင်းကျန့်ကူညီခဲ့တဲ့ ညလေးကအကြောင်းအရာကိုပဲ နေ့တိုင်းသူ့စိတ်ထဲစွဲနေတာကြောင့် တခြားဘာအိမ်မက်မှ ပြင်ပေးခွင့်မရခဲ့ဘူး"
DU LIEST GERADE
ဆန်းကြယ်သော ဆောင်း (ဆန်းကြယ်သော ဆောင်း) Complete
Fanfictionangel တွေကိုမယုံကြည်ခဲ့တဲ့ ကျွန်တော့်ဘဝထဲကို အမှတ်မထင် ကိုကိုရောက်လာပြီး angel တွေကို ယုံကြည်သွားချိန်မှာ ပြန်ရောက်လာတာက အတောင်ပံကျိုးတဲ့ နတ်သားတစ်ပါး