Part 6 (Zawgyi + Unicode ver)

2.8K 268 4
                                    

Zawgyi ver

ဒီလိုနဲ့ ကိုကို ကျွန်တော့်အိမ်မှာနေတာ ၁နှစ်တောင်ပြည့်တော့မည် ကျွန်တော်နဲ့ကျိုးချန်လဲ တက္ကသိုလ်တစ်ဖက် ပါပါး company အလုပ်တစ်ဖက်နဲ့ အရင်လိုပြိုင်ဆိုင်ဖို့တောင် မအားနိုင်တော့....ကျောင်းတစ်ဖက်အလုပ်တစ်ဖက်မို့ ကျွန်တော်ပင်ပန်းပေမယ့် အိမ်ပြန်ရောက်ရင် နွေးထွေးတဲ့အပြုံးတွေနဲ့ဆီးကြိုနေမယ့်ကိုကို့ကြောင့် ကျွန်တော့်ရဲ့အိမ်အပြန်ခရီးဟာ  အမြဲတက်ကြွလန်းဆန်းနေဆဲပင်

"ကိုကိုရေ ကျွန်တော်ပြန်လာပြီ မား ကျွန်တော်ပြန်ရောက်ပြီ"

"အေး သား....သားပါးနဲ့ သားအကိုကော?"

"အာ ကျိုးချန်နဲ့ပါးက အလုပ်မပြီးသေးလို့ ပြီးမှအတူတူပြန်လာခဲ့မယ်တဲ့ သားကအရင်ပြီးနေလို့ ကိုကိုကြိုက်တဲ့မုန့်လေးဝယ်လာရင်း စောပြန်လာတာ"

"အမလေး သူ့ကိုကိုကိုသတိရလို့ အလုပ်တွေကြုံးလုပ်လာရင် လုပ်လာတယ်ပေါ့ မပြောလိုက်ချင်ဘူး တကတည်း ဒီအမေကို လာညာနေသေးတယ် ဟွန့်"

ရိပေါ်အကြောင်းသိနေတဲ့ မားက မျက်စောင်းလှလှလေးထိုးကာ အခန်းထဲပြန်ဝင်သွားသည်

အခုဆို ရိပေါ်နဲ့ ကိုကိုနဲ့ချစ်နေကြောင်းကို အိမ်ကိုဖွင့်ပြောပြပြီး ကိုကိုနဲ့စတင်တွေ့ဆုံပုံကအစ ကိုကိုက ဘယ်လိုလူမျိုးဆိုတာပါပြောပြထားပြီးဖြစ်သည် အစက မား ၊ ပါးနဲ့ ကျိုးချန်တို့ကမယုံကြပေမယ့် နောက်ကျောက တောင်ပံအကျိုးအပဲ့လေးနဲ့ ဒဏ်ရာက သက်သေခံနေတာကြောင့်ယုံကြည်သွားပြီး ထိုနေ့မှစကာ အိမ်တော်ထိန်းနဲ့ ယုံကြည်ရလောက်တဲ့ အစေခံလောက်ပဲထားကာ ကျန်တာအကုန်ဖြုတ်ပစ်လိုက်သည်

ကိုကို့ကိုလဲ မားတို့က ကျေးဇူးတင်စကားတဖွဖွပြောကြသည် ကိုကို့ကြောင့်သာ ကျွန်တော့်ကို ပြန်ရှာတွေ့ကြတာဆိုပြီးပေါ့.....

ကိုကိုကဘာမှပြောပြခွင့်မရှိဆိုသည့်အချက်နှင့်ပင် ကိုကို့နာမည်တောင် ကျွန်တော်မသိရသေးပါ....ဒါကလဲ ကိုကိုတစ်ယောက်လုံးအနားမှာရှိနေတာမို့ သိပ်တော့အရေးမကြီး....

"ဝေ့ .... ကိုကို ဘာလုပ်"

အိပ်ယာပြန်ခင်းနေသောကိုကို့ကို အနောက်ကနေသိမ်းဖက်လိုက်တာကြောင့် ကိုကိုလန့်သွားပုံရသည် ကျွန်တော့်ကို နှုတ်ခမ်းစူကာ မျက်စောင်းထိုးပြီးလှည့်ကြည့်လာသည်

ဆန်းကြယ်သော ဆောင်း (ဆန်းကြယ်သော ဆောင်း)  CompleteDonde viven las historias. Descúbrelo ahora