Zawgyi ver
"အ....ကျွတ်စ်...ကျွတ်စ်"
ရိပေါ်သတိရလာတော့ တစ်ကိုယ်လုံးကနာကျင်မှုက ပြောမပြနိုင်
ဒါနဲ့ တစ်ဆိတ် သူလေပေါ်မှာရောက်နေတာလား?? နားထဲမှာ လေတဟူးးဟူးး အသံတွေကြားနေရတာကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ သူမြင်လိုက်ရတာက သူ့ကိုရင်ခွင်ထဲပွေ့ထားပြီး လရောင်အောက်မှာ တောင်ပံကိုဖြန့်ကားပြီးပျံနေတဲ့ လူသားတစ်ယောက်....
ဒါဟာ လူတွေပြောနေကြတဲ့ Angel ဆိုတာလား?? တကယ်ပဲ လောကမှာရှိတာလား??
ရိပေါ်သူ့ကိုယ်သူမယုံနိုင်ဖြစ်နေတုန်းမှာပဲ မြေပြင်ပေါ် နူးညံ့ညင်သာစွာဆင်းသက်လာပြီး သူ့ကိုမြေပြင်ပေါ်ချပေးလာတာကြောင့် မော့ကြည့်မိတော့ သူနေတဲ့ ဘုရားကျောင်းကိုရောက်ပြီပဲ
"ကို...ကို"
ထွက်သွားဖို့ဟန်ပြင်နေတဲ့ ထိုနတ်သားလေးကို ရိပေါ်မဝံ့မရဲဖြင့် တိုးတိုးလေး ခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့ သူ့ရဲ့အဖြူ ရောင်နတ်သားလေး.....
ချောလိုက်တာ....နှုတ်ခမ်းအောက်မှာ မှဲ့ကလေးနဲ့ ဘယ်လိုတောင်ချောရက်နေတာလဲ
ခေါ်တုန်းကခေါ်ပြီး ဘာမှမပြောပဲ ငေးကြည့်နေတာကြောင့် ကိုကို့ရဲ့မျက်လုံးတွေက တစ်ဖြေးဖြေးစူးရှလာတယ် ရိပေါ်လဲ အသိဝင်ကာ ကမန်းကတန်းဖြင့်
"ကိုကိုက နတ်သားလားဟင် တကယ်ပဲ နတ်သားတွေကရှိတာလား? ကျွန်တော်အိမ်မက် မက်နေတာလား?"
ရိပေါ်ရဲ့တရစပ်မေးခွန်းတွေကို ဘာမှပြန်မဖြေပဲ အနူးညံ့ဆုံးသောအပြုံးတစ်ပွင့်နဲ့ပဲ ကိုကိုက ငေးကြည့်နေလေရဲ့.... ပြီးတာနဲ့ ပျံတက်ဖို့ဟန်ပြင်နေတာကြောင့် ရိပေါ်ကပဲ
"ကိုကို ကျွန်တော့်ဆီ ပြန်လာဦးမှာမလားဟင်?"
မဝံ့မရဲနဲ့တောင်းဆိုသလိုစကားအဆုံးမှာ ကိုကိုက လှပတဲ့အပြုံးလေးနဲ့ ခေါင်းငြိမ့်ပြပြီး ကောင်းကင်ပေါ်ပျံတက်သွားလေရဲ့..... လရောင်အောက်မှာ ကိုကိုပျံတက်သွားတဲ့ပုံလေးက ပန်းချီကားတစ်ချပ်လို ရိပေါ်ရဲ့နှလုံးသားထဲမှာ စွဲထင်သွားပြီဆိုတာ ပြောပြနေစရာတောင် လိုအပ်မယ်မထင်.....
.
.
.
.
.
YOU ARE READING
ဆန်းကြယ်သော ဆောင်း (ဆန်းကြယ်သော ဆောင်း) Complete
ספרות חובביםangel တွေကိုမယုံကြည်ခဲ့တဲ့ ကျွန်တော့်ဘဝထဲကို အမှတ်မထင် ကိုကိုရောက်လာပြီး angel တွေကို ယုံကြည်သွားချိန်မှာ ပြန်ရောက်လာတာက အတောင်ပံကျိုးတဲ့ နတ်သားတစ်ပါး