Part 4 (Zawgyi + Unicode ver)

3K 277 2
                                    

Zawgyi ver

"အဟွတ်ဟွတ်....အာ့.....အဟွတ်ဟွတ်"

"ရှောင်းကျန့် အဆင်ပြေရဲ့လား"

ရှောင်းကျန့်ရဲ့ချောင်းဆိုးသံကြောင့် အနားရောက်လာတဲ့ ငရဲသားလေးခမျာ ရှောင်းကျန့်ကိုကြည့်ပြီး စိတ်မချမ်းသာ....

ကြည့်ပါဦး ဖြူ နုတဲ့အသားအရေက အခုတော့ အပူရှိန်ကြောင့်နီကျင်နေပြီး လှပတဲ့အဖြူ ရောင်တောင်ပံတစ်စုံဟာလဲ ငရဲမီးရဲ့အပူချိန်ကိုမခံစားနိုင်တော့တဲ့အလား ၈နှစ်အတွင်း တစ်ဖြုတ်ဖြုတ်ကြွေတာ အသစ်ပင်ပြန်မထွက်နိုင်တော့.....ရှောင်းကျန့်ရဲ့သွယ်လျလျခန္ဓာကိုယ်မှာလဲ အရင်ကထက်ပိန်ကျသွားတာများ အရိုးတောင်မြင်ရတော့မလားမှတ်ရသည်

ကလေးတစ်ယောက်ကိုကူညီမိတဲ့အတွက် ရလာတဲ့အပြစ်ဒဏ်က ဆိုးရွားပြင်းထန်လှပေစွ...

"ငါ ရပါတယ်.....ဘာမှ...မဖြစ်ပါဘူး...သွား သွား ကိုယ့်အလုပ်ကိုယ်သွားလုပ်ချေ"

ငရဲသားလေးလဲ ခေါင်းတခါခါဖြင့်ထွက်သွားလေပြီ ရှောင်းကျန့်လဲ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေရင်း သူကူညီခဲ့တဲ့ ကလေးတစ်ယောက်အကြောင်းပြန်စဉ်းစားမိတော့ နာကျင်နေသည့်ကြားမှ အပြုံးတစ်ပွင့်ဖြစ်ထွန်းပြန်သည်

~မင်းတစ်ယောက်တော့ ပျော်နေရမယ်နော် ကလေးငယ် ကိုယ်ကူညီဖူးတဲ့ ပထမဦးဆုံး လူသားလေးမို့~

____________________________________

~၁၀ နှစ်ခန့်ကြာသော်~

ရိပေါ်တို့လဲ အထက်တန်းနောက်ဆုံးနှစ်ဖြေပြီးသွားပြီမို့ ဝမ်ပါပါးက သူ့ company မှာ သားနှစ်ယောက်လုံးကို company အလုပ်များလေ့လာစေသည်

ဒီနှစ်တွေအတွင်းမှာ ရိပေါ်ရဲ့ အကိုတစ်ဖြစ်လဲ သူငယ်ချင်းကျိုးချန်မှာ အကြောင်းမရှိအကြောင်းရှာပြီး သူ့ကို လိုက်ပြိုင်နေသလို ရိပေါ်ခံစားရသည် ဘာကြောင့်မှန်းလဲမသိရ.... အတန်းထဲမှာလဲ ပြိုင်သည်..... အိမ်မှာလဲ မားမားနဲ့ ပါပါးနားဆို ရိပေါ်ထက်ပင် ပိုကပ် ပိုချွဲသေးသည်

ကိုယ်က နဂိုတည်းက အနေအေးသည်မို့ ကျိုးချန်လိုတော့ မားမားနားအမြဲကပ်မနေ.... တစ်ခါတစ်ရံ ရိပေါ် လိုချင်တာရှိလို့ မားနဲ့ပါးကို ဝယ်ခိုင်းလျှင် ကျိုးချန်ပါ အဲ့ဒါကို လိုက်ပူဆာတတ်သေးသည်

ဆန်းကြယ်သော ဆောင်း (ဆန်းကြယ်သော ဆောင်း)  CompleteHikayelerin yaşadığı yer. Şimdi keşfedin