Zawgyi ver
ဒီလိုနဲ့ ရာသီတွေတစ်ကျော့ပြန်လို့ ဆောင်းရာသီကိုပြန်လည်ရောက်ရှိလာတဲ့တစ်နေ့မှာပေါ့....
"ပေါ်တိ ကိုကိုပြောစရာရှိတယ်"
ရိပေါ်ရဲ့ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လိုမီနေရာမှ မပြောမဖြစ်စကားတချို့ကို သူပြောရတော့မယ်
ပေါ်တိ ကိုယ့်ကလေးလေး ဘဝမှာ နာကျင်တာတွေ သိပ်များနေပြီလား....ကိုကိုကထပ်ပြီးနာကျင်စရာပေးလာတဲ့အခါ ကိုကို့ကိုမမုန်းပါနဲ့ ကလေးရယ်
ပြောစရာရှိတယ်ဆိုပြီး အသံတိတ်နေတဲ့ကိုကိုကြောင့် ရိပေါ်ရင်ခွင်ထဲ ငုံ့ကြည့်ရင်း
"ကိုကိုမပြောသေးရင် ကျွန်တော်အရင်ပြောမယ်"
"အင်း...ပေါ်တိအရင်ပြော"
"ကျွန်တော်တို့ လက်ထပ်ရအောင်....ကိုကိုကျွန်တော့်ကို လက်ခံပေးနိုင်မလားဟင်"
လို့ပြောပြီး ဘောင်းဘီအိတ်ထဲက ဆွဲထုတ်လိုက်တဲ့ ရိပေါ်လက်ထဲမှာ ငွေမှင်ရောင်တောက်ပနေတဲ့ လက်စွပ်လေးတစ်ကွင်း.....
ဟာ့....ဟင့်.....ဟင့်
"ဟင် ကိုကို ငိုနေတယ်... ကိုကို ကျွန်တော်ဘာလုပ်မိလို့လဲဟင်... ကိုကိုလက်မထပ်ချင်သေးလို့လား... ရတယ်လေ ကိုကိုရဲ့.. ကိုကိုမကြိုက်ရင် ကျွန်တော် ဘယ်အရာမှ အတင်းအကျပ်မလုပ်ပါဘူး"
"မဟုတ်....မဟုတ်ပါဘူး....ကိုကို...ကိုကိုပျော်လို့ပါ"
"ဟူးးးး တော်သေးတာပေါ့ကိုကိုရယ် ကျွန်တော်က ကိုကိုငိုတော့ လန့်သွားတာပဲ ကျွန်တော့်ကြောင့်များလားလို့....ဒါဆို ကိုကိုလက်ခံတယ်ပေါ့နော်"
"အင်း"
ရှောင်းကျန့်စကားအဆုံးမှာပဲ ရှောင်းကျန့်လက်လေးကိုဆွဲပြီး လက်စွပ်လေးဝတ်ပေးလိုက်သည်
"ကိုကိုကော ပြောစရာရှိတယ်ဆို ဘာပြောမလို့လဲ ပြောလေ"
"ဘာမှမဟုတ်ပါဘူး.... မနက်ဖြန် christmas နေ့ ထပ်ရောက်လာပြန်ပြီနော်"
"အင်း"
"ကိုကိုတို့ အဲ့နေ့ညပဲလက်ထပ်ရအောင်လေ"
YOU ARE READING
ဆန်းကြယ်သော ဆောင်း (ဆန်းကြယ်သော ဆောင်း) Complete
Fanfictionangel တွေကိုမယုံကြည်ခဲ့တဲ့ ကျွန်တော့်ဘဝထဲကို အမှတ်မထင် ကိုကိုရောက်လာပြီး angel တွေကို ယုံကြည်သွားချိန်မှာ ပြန်ရောက်လာတာက အတောင်ပံကျိုးတဲ့ နတ်သားတစ်ပါး