Zawgyi ver
ရိပေါ်မေမေမှာလဲ သူ့သားကိုပြန်တွေ့တာနဲ့ ခေါ်သွားမယ်ချည်းလုပ်နေလို့ Mother တို့မှာ ရိပေါ်သတိရမှာ ပြန်ပါလို့မနည်းပြောယူနေရသည်
ဟုတ်သည်လေ ရိပေါ်လေးကို သူတို့နှုတ်ဆက်ချင်သေးသည်လေ
ခဏနေတော့ ရိပေါ်လက်လေး လှုပ်ရွလာတာကြောင့် ဝမ်သခင်မကြီးခမျာ ကပျာကယာ ရိပေါ်မျက်နှာလေးလှမ်းကြည့်မိတော့ မျက်လုံးလေးတွေပွင့်လာပြီ
"ရိပေါ် သားလေး သတိရပြီလားဟင် မေမေ့သားလေး...ကို...ဆရာဝန်မြန်မြန်သွားခေါ်လေ"
"အော် အေးး..အေးး"
ဆရာဝန်လဲ စမ်းသပ်စရာရှိတာစမ်းသပ်ပြီး
"ရပါတယ် အဆုတ်လဲသန့်သွားပါပြီ သားလေး အသက်ရှူ ကြပ်နေသေးလား"
"ဟင့်အင်း ကောင်းသွားပါပြီ ဦးလေး"
"အေးအေး ဒါဆို သားအမေတို့နဲ့ အိမ်ပြန်လို့ရပြီနော် ဟုတ်လား"
"အမေ?? ကျွန်တော့်အမေ??"
"ဟုတ်တယ် သား.... ဒါက သားရဲ့အမေ...ဒီဘက်က သားရဲ့ဖေဖေတဲ့ သားမိဘအရင်းတွေပေါ့"
သတိရရချင်းမှာ ဆရာဝန်ပြောသွားတဲ့စကားကြောင့် ကြောင်တောင်တောင်လေးဖြစ်နေရှာတဲ့ ရိပေါ်ကို mother က ကရုဏာသံအပြည့်ဖြင့် ရှင်းပြလိုက်တော့ ဒီကလေးလေးမှာ မျက်ရည်တွေစီးကျလာပြီး
"ဒါဆို ကျွန်တော့်မှာ အဖေကော အမေပါရှိတာပေါ့နော် ဟုတ်လားဟင်"
"ဟုတ်ပါတယ် သားရယ် မေမေလေ မေမေ့အပြစ်တွေကြောင့် သားလေးပျောက်သွားခဲ့တာ ဟောဒီမေမေ့လက်တွေက သားလက်လေးကို သေချာမကိုင်ထားခဲ့လို့ သားလေးကိုပျောက်သွားခဲ့တာ မေမေ့အပြစ်တွေပါသားရယ် မေမေတို့နဲ့ အိမ်ပြန်လိုက်ခဲ့တော့နော် သားလေးကို အတိုးချပြီး ချစ်ပါရစေနော် သား"
"မေမေ သား သူငယ်ချင်းတစ်ယောက်ကိုခေါ်ခဲ့လို့ရမလားဟင်?"
ဟင်....ရိပေါ်ရဲ့တောင်းဆိုစကားကြောင့် ဝမ်သခင်ကြီးတို့ လင်မယားမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း.....
နှစ်ယောက်သားတိုးတိုးတိတ်တိတ်ဆွေးနွေးပြီးချိန်မှာတော့.....သားလေးစိတ်ချမ်းသာဖို့သာ အဓိကမို့
KAMU SEDANG MEMBACA
ဆန်းကြယ်သော ဆောင်း (ဆန်းကြယ်သော ဆောင်း) Complete
Fiksi Penggemarangel တွေကိုမယုံကြည်ခဲ့တဲ့ ကျွန်တော့်ဘဝထဲကို အမှတ်မထင် ကိုကိုရောက်လာပြီး angel တွေကို ယုံကြည်သွားချိန်မှာ ပြန်ရောက်လာတာက အတောင်ပံကျိုးတဲ့ နတ်သားတစ်ပါး