Part 7 (Zawgyi + Unicode ver)

2.7K 273 2
                                    

Zawgyi ver

"Santa.....Santa.... ကံကြမ္မာနတ်သား.....Santa"

"အော် ရှောင်းကျန့် ဘယ်လိုဖြစ်လာတာလဲ?"

"အဲ့လိုမလုပ်ပါနဲ့ မရက်စက်ပါနဲ့ ကံကြမ္မာနတ်သား ကျွန်တော် အဲ့ကလေးရဲ့ကံကိုပြောင်းလဲပေးပြီးပြီမဟုတ်ဘူးလား အဲ့အတွက်....အဲ့အတွက် ကျွန်တော်ပြစ်ဒဏ်လဲခံပြီးပြီလေ ဘာလို့.....ဘာလို့ နောက်တစ်ခါထပ်ပြီး....."

"ရှောင်းကျန့် လူတစ်ယောက်ရဲ့ကံကြမ္မာဆိုတာ ပြောင်းလဲလို့မရဘူး ငါတို့နတ်သားတွေတောင်မတတ်နိုင်ဘူး ဒါကိုမင်းရအောင်ပြောင်းလို့ ၁၀ နှစ်အရွယ်ထဲက သေရမယ့်ကလေးက နောက်ထပ် ၁၄ နှစ်လောက် အသက်ရှည်လာတာပဲ အဲ့ဒါမင်းကျေးဇူးကြောင့်လေ"

"ဒါဆိုလဲ ထပ်ပြီး....ထပ်ပြီး အသက်ရှည်အောင်လုပ်ပေးပါ.... ကျွန်တော်ပြစ်ဒဏ်ခံဆို ခံပါ့မယ် ကျွန်တော်တောင်းပန်ပါတယ်....Santa....please"

"ဟူးးး သူ့ကိုမသေစေချင်ရင် နည်းလမ်းတစ်ခုရှိတယ်"

"ပြောပါ ဘာဖြစ်ဖြစ် ကျွန်တော်လုပ်ပါ့မယ်"

"ဟင်းးးး မင်းရဲ့နှလုံးသားကိုစတေးရလိမ့်မယ်"

"ရတယ် ကျွန်တော့် အသက်ပေးရမယ်ဆိုရင်တောင်ရတာမို့ အကုန်ပေးမယ်"

"အင်း မင်းရဲ့အသက်က မင်းတောင်ပံမှာတည်တာမို့ နှလုံးထုတ်လိုက်ရင် မသေနိုင်ပေမယ့် နာကျင်မှုကပြောမပြတတ်အောင်ခံစားရမှာနော် မင်းပြန်စဉ်းစားဦး မင်းကအေးမြတဲ့နတ်သားတစ်ပါးလေ ဘာလို့အပူရှာချင်ရတာလဲ"

"မဟုတ်ဘူး ကျွန်တော်မသိဘူး ဒါပေမယ့် သူ့ကိုသာရအောင်ကယ်ပေးပါ Santa ကျွန်တော့်နှလုံးကိုထုတ်လိုက်ပါ"

ရှောင်းကျန့်ပြောပြီးတာနဲ့ မျက်လုံးကိုစုံမှိတ်ထားလိုက်သည် ရင်ဘတ်ထဲက တစ်စုံတစ်ရာဆွဲနှုတ်ခံလိုက်ရသလို လှစ်ကနဲဟာသွားကာ နာကျင်မှုကအတိုင်းအဆမရှိ.... ကံကြမ္မာနတ်သားက ရှောင်းကျန့်ရဲ့နှလုံးမှ တစ်စက်စက်ကျနေတဲ့ နှလုံးသွေးဖြင့် ရိပေါ်ရဲ့ ကံကြမ္မာကိုပြောင်းလဲပေးလိုက်သည်

ထိုအချိန် ခွဲစိတ်ခန်းထဲမှာလဲ ခွဲနေတုန်းတန်းလန်း ရိပေါ်နှလုံးခုန်ရပ်သွားတာကြောင့် ရှော့ခ်ရိုက်သံတွေနှင့်ဆူညံနေသည် ခွဲစိတ်ခန်းအပြင်မှာလဲ အထဲကအသံတွေကြောင့် ဝမ်သခင်ကြီးတို့လင်မယားနဲ့ ကျိုးချန်ပါ ကမ္ဘာပျက်နေကြသည်

ဆန်းကြယ်သော ဆောင်း (ဆန်းကြယ်သော ဆောင်း)  CompleteWhere stories live. Discover now