Part(10)

3K 318 63
                                    

အပူအပင်ကင်းစွာအိပ်မောကျနေသည့်ကောင်လေး
ကိုတွေ့ရတော့မှတစ်ဆို့နေတဲ့အရာကြီးပျော်
ကျသွားသလိုပင်။ ဘယ်လောက်တောင်ဝမ်းနည်း
ခဲ့ရလို့ငိုထားသလဲမသိ မျက်ခွံလေးတွေမို့ဖောင်း
နေသည်။

ကိုယ်တကယ်တောင်းပန်ပါတယ်။

King size bedကြီးပေါ်တွင်လူးလိမ့်ရင်း
နေရာစုံအောင်ပုံစံမျိုးစုံအိပ်နေသည့်ကောင်လေး
ကိုငေးကြည့်နေမိသည်မှာသုံးနာရီကြာခဲ့ပြီ။

ပွစိပွစိနဲ့တစ်လှုပ်လှုပ်ဖြစ်နေသည့်နှုတ်ခမ်းပါး
လေး။ ဗိုက်သားချပ်ချပ်လေးကိုလှစ်ပြနေသလို
အကျီတွေလည်းအပေါ်လိမ့်တက်နေပြီ။
ခြေထောက်လေးနဲ့ရှုပ်ထွေးပြီးကုတင်အောက်
ရောက်နေသည့်စောင်လေးကိုဖြည်းဖြည်းချင်း
ဆွဲယူကာခြေပစ်လက်ပစ်အိပ်နေသည့်
ကလေးငယ်ပေါ်လွှမ်းခြုံပေးလိုက်သည်။

စောင်အောက်ထဲကွေးနေအောင်ပြန်ဝင်သွား
သည့်ကိုယ်လုံးလေးသည်ပုစွန်ထုပ်လေး
ကွေးနေသလိုပင်။ လေအေးပေးစက်ကိုပိတ်
လိုက်ပြီးခပ်နွေးနွေးလေးဖြစ်နေစေရန်heater
ဖွင့်ပေးလိုက်သည်။

မျက်နှာနုနုပေါ်တွင်ဖွာကျနေသည့်ဆံသားနု
လေးတွေကိုသပ်တင်ပေးတော့စင်ယော်
တောင်ပံမျက်ခုံးမွှေးလေးသည်ထိုကလေး၏
ချစ်စရာမျက်နှာလေးကိုပိရိသေသပ်စွာ
ဘောင်ခတ်ပေးထားသည်။

" အွန်း ....... "

လက်လေးနှစ်ဖက်ကိုအပေါ်သို့မြှောက်တင်ရင်း
ခြုံထားတဲ့စောင်ကိုလည်းကန်ချလိုက်သည်။ မဖွင့်သေးတဲ့မျက်လုံးတွေကိုလက်လေး
တွေနဲ့ပွတ်သပ်နေပြီးပါးစပ်သေးသေးကလည်း
ဝိုင်းစက်ကာတစ်ဝါးဝါးသမ်းနေသေးသည်။

" အမလေး!! ကိုကို !!! "

ကိုယ့်ကိုတွေ့တော့သမ်းနေသည့်ပါးစပ်လေး
ချက်ချင်းပိတ်သွားပြီးလန့်ကာ ယောင်တာ
တောင်အသဲယားဖို့ကောင်းအောင်ဒီကောင်
လေးကိုဘယ်သူများသင်ထားပေးပါလိမ့်။

" ကိုကိုကဘယ်လိုလုပ် .... "

အိပ်ရာထကာစ ထိုးထောင်ရှုပ်ပွနေသည့်
အညိုရောင်ဆံပင်လေးတွေနဲ့မျက်လုံးလေး
ပြူးလို့မေးနေသည်ကကျွန်တော့်ကိုပြုံးစေ
ပါသည်။

အကြင်​သူ(Rate-m)[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ