Part(1)

10.8K 430 22
                                    


မင်္ဂလာတီးလုံးသံအကြား ​လျှောက်​လမ်းဖြူဖြူကို
နင်း​လျှောက်​ရတဲ့အခိုက်​အတန့်​ ....

ဖာသာနဲ့အတူထိပ်​ဆုံးတွင်​မတ်​တပ်​ရပ်​​စောင့်​ကြို​နေပါတဲ့
အနက်​​ရောင်​အ​နောက်​တိုင်းဝတ်​စုံအပြည့်​ဖြင့်
ကျွန်​​တော့်​အကြင်​သူ ....

ချော​မောခန့်​ညား​နေမှု့ကနှိုင်းစရာရှာမ​တွေ့
နိုင်​​တော့သလို ... တွန့်​ချိုးထားတဲ့မျက်​ခုံးသွယ်​နှစ်​ဖက်
ကိုလက်​နဲ့​ဖြေ​လျော့​ပေးချင်​လိုက်​တာ

ကျွန်​​တော့်​လက်​တစ်​ဖက်​ကိုသူလက်​ထဲထည့်​လိုက်
တဲ့အချိန်​ကမ္ဘာတစ်​ခုလုံးကိုပိုင်​ဆိုင်​ရသလိုခံစားချက်​ကြီး
ကကိုကိုသာသိကြည့်​ပါလား ရူးလိုက်​တာဆိုပြီး​ပြောဦးမှာ

" သတို့သားPark chanyeolသည်​သတို့သားငယ်
Oh sehunအား ကျန်းမာသည်​ဖြစ်​​စေ ...
နာဖျားသည်​ဖြစ်​​စေ ... အသက်​ထက်​ဆုံးအိုမင်းသည်​အထိ
ပေါင်းဖက်​ပါမည်​​လော .... "

" ​ပေါင်းသင်းပါမည်​ ... "

ကတိသစ္စာတစ်​ခုကိုတည်​ကြည်​စွာကိုကို​ပေးအပ်​တဲ့အခါ
ကျွန်​​တော်​မျက်​ရည်​များပင်​ဝဲလာခဲ့သည်​။ ​ပျော်​ရွှင်​မှု့ကို
ကိုကိုသာတက်​နိုင်​ပြီး နာကျင်​မှု့အလုံးစုံကိုလည်း
ကိုကိုသာဖန်​တီးနိုင်​ပါသည်​။

" သတို့သားငယ်​Oh sehunသည်​သတို့သား
Park chanyeolအား ဆင်းရဲသည်​ဖြစ်​​စေ ...
ချမ်းသာသည်​ဖြစ်​​စေ အသက်​ထက်​ဆုံး​ပေါင်းဖက်​နိုင်
မည်​​လော .... "

" ဟုတ်​ ... အသက်​ထက်​ဆုံး​ပေါင်းဖက်​သွားပါ့မယ်​ "

ခေါင်းတစ်​ဆတ်​ဆတ်​ငြိမ့်​ကာsehun​ဖြေမိ​တော့
ဖာသာကြီးကပြုံးသည်​။
အခုချိန်​မှာကျွန်​​တော်​အရူးလိုဖြစ်​​နေတာ ကိုကိုသိရဲ့
လားဟင်​ ...

" အကြင်​နာအနမ်း​ပေးနိုင်​ပါပြီ ... "

ကိုကို့မျက်​နှာငုံမိုးကျလာတဲ့အခါကျွန်​​တော့်​ရင်​ဘတ်​ထဲမှာ
ဘင်​ခရာတီးဝိုင်း​ဝင်​​ရောက်​​နေသလားမှတ်​ရ​အောင်​အရမ်း
ရင်​ခုန်​​နေမိသည်​။ မျက်​လုံး​လေးကို​မှေးမှိတ်​ထားကာ
ကိုကိုရှိရာကိုမျက်​နှာ​လေး​မော့​ပေးထားမိသည်​။

အကြင်​သူ(Rate-m)[Completed]Onde histórias criam vida. Descubra agora