Part(8)

3.2K 300 73
                                    

မနေ့ကရောဒီနေ့တစ်နေ့လုံးပါအိမ်မပြန်ဖြစ်သေး
တာမို့Chanyeolဒီညတော့ညစောင့်သူနာပြုမ
လေးနဲ့မီနာကိုထားခဲ့ပြီးအိမ်ပြန်လာခဲ့သည်။

မီးမဖွင့်ထားတဲ့အိမ်ကြီးကြောင့်ခြံထဲဝင်တာနဲ့
ကားမီးရောင်မှအပခြံကြီးတစ်ခုလုံးမှောင်မဲ
နေတော့သည်။အရင်လိုခြံထဲမှာလမ်းလျှောက်
ရင်းသူ့ကိုကြိုနေမယ့်ကောင်လေးကိုဒီနေ့
အရိပ်တောင်မမြင်ရ။ အိမ်ထဲဝင်လိုက်တာနဲ့
ဖျော်ရည်တစ်ခုခုနဲ့ဆီးကြိုအမောပြေစေတဲ့
ကောင်လေးရဲ့အသံတွေကဒီနေ့မှပိုတိတ်ဆိတ်
နေသလိုပင်။

အိမ်လှေကားကြီးအပေါ်တက်တော့လည်း
ဘေးနားကအိတ်ကလေးဆွဲပေးကာ
လက်မောင်းကိုတွဲခိုရင်းချွဲနွဲ့နေမယ့်ကောင်လေး
ရဲ့တီတီတာတာအသံတွေမရှိတော့လှေကား
ကြီးကပိုရှည်နေသယောင်။ သြော် ကိုယ်လည်း
မင်းကိုတွယ်တာတက်နေပြီထင်ရဲ့။

အခန်းတံခါးကိုဖွင့်လိုက်တော့ညရောင်အကူ
နဲ့ကုတင်ပေါ်မှာငြိမ်ငြိမ်လေးအိပ်ပျော်နေတဲ့
ကောင်လေး။ စောင်လေးနဲ့တစ်ကိုယ်လုံးပတ်
ထားပြီးကွေးကွေးလေးအိပ်နေတဲ့အကောင်
ပေါက်လေးရဲ့အနားကိုတိုးသွားကာအိပ်ပျော်
နေပုံလေးကိုကြည့်လိုက်သည်။

သူ့ကိုအမြဲရွှန်းရွှန်းစားစားငေးကြည့်နေတက်တဲ့
မျက်ဝန်းလေးတွေကိုစင်းနေတဲ့မျက်တောင်
လေးတွေကအကာအကွယ်ပေးထားသည်။
ပေါက်ကရစကားတွေသိပ်ပြောသွက်တဲ့
နှုတ်ခမ်းပိစိလေးကလည်းအနဲငယ်ပွင့်ဟ
ကာဆူနေသေးသည်။ ချစ်စရာဒီကလေးလေး
သာသူ့ညီအရင်းဆိုသူဘယ်လောက်တောင်
အသဲယားပြီးဖျစ်ညစ်မိမလဲမသိ။

ကိုယ်တို့ဆုံတွေ့ပုံတွေသာစည်းတစ်ခုခြား
မနေခဲ့ရင်ကိုယ်တို့ပိုနီးစပ်နိုင်မယ်ထင်တယ်။
ကိုယ့်ဘဝထဲကိုသာဒီကလေးငယ်ဟာ
ညီလေးတစ်ယောက်အဖြစ်ဝင်လာခဲ့ရင်ကိုယ်
မင်းကိုမျက်နှာအညိုးမခံနိုင်ဘဲသဲသဲလှုပ်ချစ်
ပြမိမယ်ထင်တယ်။ ကိုယ်တို့လွဲမှားစွာတွေ့
ခဲ့ကြပြီးတစ်ယောက်တစ်မျိုးစီနာကျင်မှု့တွေ
ကိုဝယ်ယူခဲ့ကြတယ်။

သက်ပြင်းငွေ့ငွေ့ချကာကုတင်ထပ်က
ကလေးငယ်ကိုအိမ်မက်တွေထဲမှာတော့
နာကျင်ရတဲ့သူမဖြစ်စေချင်ခဲ့။အနဲဆုံး
တော့အိပ်စက်နေချိန်လေးအတွင်းမှာ
ကိုယ်မင်းကိုတကယ်ငြိမ်းချမ်းစေချင်ပါ
တယ်Sehun။

အကြင်​သူ(Rate-m)[Completed]Donde viven las historias. Descúbrelo ahora