" ကိုကို !!! ကျွန်တော်မေးနေတယ်လေ
အဲ့ဒီ့မိန်းမကဘာလို့ကိုကို့ရင်ခွင်ထဲရောက်
နေတာလဲလို့ !!! "စူးခနဲထွက်လာသည့်ကောင်လေးရဲ့အော်သံ
ကြောင့်Chanyeolနထင်ဘေးလက်ထောက်
ထားကာမျက်လုံးများကိုခဏမှိတ်လိုက်မိသည်။
နဂိုထက်ပိုကာအလိုလိုက်ထားမိတော့ဒီ
ကောင်ဆိုးလေးဟာရောင့်တက်လာပြီ။
သူ့နောက်ကိုလူလွှတ်ထားရုံတင်မကဆေးရုံ
ကဗိုက်ကြီးသည်nurseမလေးနှင့်ပင်ယိုး
စွတ်နေပြန်သည်။" ကိုကို !!!! "
ခြေပါဆောင့်လိုက်တဲ့အသံကိုChanyeol
ကြားလိုက်ရသည်။ သက်ပြင်းအသာချကာ
မတ်တပ်ရပ်လျက်လက်သီးလေးနှစ်ဖက်ကို
တင်းနေအောင်ဆုပ်ထားတဲ့ကောင်လေးကို
ထိုင်နေရင်းနဲ့မှမော့ကြည့်လိုက်သည်။
ဒေါသကြောင့်မျက်နှာလေးတွေနီရဲနေပါ
ရောလားကလေးငယ်။" ကိုယ်ကအဲ့လောက်တောင်အယုံအကြည်
မဲ့စရာကောင်းတဲ့သူဖြစ်နေတာလား? "" ....... "
" ပထမ ကိုယ့်နောက်ကိုလူလွှတ်တယ်
ဒုတိယ ကိုယ့်တပည့်မလေးနဲ့ကိုယ့်ကို
စွတ်စွဲတယ် ... sehun ... မင်း
ဘာတွေထပ်လုပ်ချင်သေးလဲ? "Chanyeolခပ်အေးအေးပဲကောင်လေး
ကိုကြည့်လျက်ပြောလိုက်သည်။ ဒေါသ
ကြောင့်နီရဲနေတဲ့မျက်နှာလေးက ကိုယ့်စကား
တွေကြောင့်ဝမ်းနည်းခြင်းအပြည့်ဘက်ကို
ယိမ်းယိုင်သွားပြန်သည်။" အဟင့် ... ဟုတ်တယ် ကျွန်တော်
ကိုကို့ကိုမယုံဘူး ... ကျွန်တော်ကလွဲ
ရင်ကျန်တဲ့လူဘယ်သူ့ကိုမဆိုကြင်နာ
ပြဖို့ဝန်မလေးတဲ့ကိုကို့ကို ကျွန်တော်
စိတ်မချဘူး ... ဟင့် ~~ ကိုကို့ကြင်နာ
မှု့မှာသာယာသွားမယ့်သူတို့ကိုကျွန်တော်
မနာလိုဘူး ... "ဆိုဖာပေါ်မှာထိုင်နေတဲ့chanyeol
ခြေထောက်နားမှာခွေကျကာထိုင်ချလိုက်
တဲ့ကောင်လေးသည်အင်အားချိနဲ့နေဟန်။" ကိုကိုမပေးတဲ့ကြင်နာမှု့တွေကို
ငမ်းငမ်းတက်လိုချင်တောင့်တနေတဲ့သူ
ဟာကျွန်တော်ပါဆိုတဲ့အမှန်တရားကြီး
ကိုလက်မခံချင်တော့ဘူး ... ကိုကိုသိလား
ကိုကိုအခြားလူတွေကိုဂရုတစိုက်နဲ့
ကြင်နာပြတိုင်းအဲ့ဒီ့သူတွေကိုသတ်ပစ်ချင်
လောက်အောင်မုန်းမိတယ် ... "
KAMU SEDANG MEMBACA
အကြင်သူ(Rate-m)[Completed]
Fiksi Penggemarတမ်းတခြင်းတွေဟာ သံစဉ်တစ်ခုအဖြစ် အသွင်ပြောင်းခဲ့ရင် ... အလွမ်းတွေဟာ ဂစ်တာတစ်လက်ဖြစ်လိမ့်မယ် ... သိမ်နုပ်တဲ့ဘဝငယ်မှာ သေဆိုသေ ရှင်ဆိုရှင်ရခြင်းဆိုတဲ့ အမိန့်ကိုမလွန်ဆန်နိုင်ခဲ့တာ အကြင်သူဟာ ... ခင်ဗျားဖြစ်နေတာကြောင့်ပ...