Part(14)

3.2K 332 108
                                    

မက်ဂျူသုံးဗူးလောက်လေးသောက်ပြီးမျက်လုံး
ပင်မဖွင့်နိုင်တော့တဲ့ဟွန်းလေးရဲ့ဒယိုင်းဒယိုင်
ပုံစံကိုBaekhyunမျက်လုံးများမှေးစင်းပြီး
သောက်လက်စမက်ဂျူဗူးကိုတစ်ရပ်စပ်မော့
လို့ကြည့်နေလိုက်သည်။

" B ... မင်းသိလား ...
ငါကိုကို့ကိုစတွေ့တုန်းကလေ ... "

Ohsehunရဲ့ဂုဏ်ရည်သွေးချီးမွန်းခန်း
ကြီးစတင်တော့မှာကိုသိနေတဲ့baek
တစ်ယောက်စုတ်တစ်ချက်သပ်လိုက်ကာ
နားထဲကိုလက်သန်းလေးနဲ့ထိုးကလော်
လိုက်သည်။

" အချစ်ဆိုတာဘာလဲငါမသိဘူးB ...
ဒါပေမယ့်ငါရှာတွေ့ခဲ့တဲ့ချစ်ခြင်းအလုံးစုံ
ကကိုကိုဆိုတာတော့သေချာတယ် ... "

" ..... "

" ငါကိုကို့ကိုစတွေ့တုန်းကလေကိုကိုက
ငါ့မျက်လုံးထဲမှာအရမ်းတောက်ပနေခဲ့တာ
သူတစ်ချက်ပြုံးလိုက်တိုင်းငါ့ရင်ထဲမှာ
လှိုက်ခနဲလှိုက်ခနဲဖြစ်ဖြစ်သွားတယ် ...
တစ်ခုခုကိုအာရုံစူးစိုက်ပြီးတည်ငြိမ်နေတဲ့
အခါလည်းငါရင်ခုန်ခဲ့ရတာပါပဲ ..
ကိုကိုနဲ့ပက်သက်ရင်ငါ့ခံစားချက်တွေက
အကြောင်းပြချက်ရှိမှဆိုတာတွေနဲ့
မသက်ဆိုင်တော့ဘူး ... ကိုကိုဟာ
ကိုကိုဖြစ်နေလို့ကိုငါချစ်မိတာနေမယ် ... "

ယိမ်းထိုးနေတဲ့ကိုယ်လုံးလေးကဆိုဖာ
နောက်ကျောကိုမှီချလိုက်သည်။
နှုတ်ခမ်းပါးလေးတွေပြုံးနေတာက
အသက်ပဲ။ ဘာအသက်လဲဆိုတော့
ငါ့အသက်။ ဟုတ်တယ်ဟွန်းလေး
မင်းကငါကိုယ်တိုင်ဖန်တီးယူမိတဲ့
ငါ့ရဲ့နောက်ထပ်အသက်တစ်ချောင်းပဲ။

" ငါဒီလောက်ချစ်ပြတာတောင်ကိုကိုက
ငါ့ကိုမချစ်ဘူးတဲ့B ... ဟင့် ~~
ကိုကိုကမတရားဘူး ... ငါနာကျင်နေ
တာကျမမြင်ဘဲသူ့မိန်းကလေးနာကျင်
တာကျမြင်တယ် ... အဟင့် ~~~ "

What the Fuck!!!
မိန်းကလေး??? ဘာလား?
park chanyeolမှာ
မိန်းကလေးရှိနေတာလား?

ခင်ဗျားတော့သေပြီသာမှတ်ဘိုးတော်။

" ကိုကို့ကိုချစိရတာပင်ပန်းလိုက်တာ
Bရာ ... အင့်ဟင့် ~~ဘာမျှော်လင့်
ချက်မှမထားဘဲချစ်ကြည့်ပေမယ့်
အဲ့မမျှော်လင့်ခြင်းတွေထဲမှာကိုက
မရဲတရဲမျှော်လင့်ခြင်းတွေပါနေတာ
ငါဘယ်လိုလုပ်ရမလဲ ... ပေးဆပ်ဖို့
ကြည့်ပဲသပ်သပ်ငါမချစ်တက်ဘူးB
ဟင့် ~~ "

အကြင်​သူ(Rate-m)[Completed]Hikayelerin yaşadığı yer. Şimdi keşfedin