Part(7)

3K 295 71
                                    

မှေးမှိတ်လို့မရတဲ့မျက်ခွံတွေကြောင့်ဒီညကို
အဖော်ပြုဖို့ချောကလက်ပူပူလေးတစ်ခွက်
ကိုအနားက စားပွဲပေါ်တင်ထားလိုက်သည်။
ခြေထောက်ကလည်းတစ်ဆစ်ဆစ်နဲ့ကိုက်
နေတာမို့လက်နဲ့အသာဖိဆုပ်မိသည်။

နွေးနေတဲ့ကိုယ်ကအခုဆိုမီးခဲတစ်ခုလိုပူကျစ်
နေပြီ။ ဆေးလည်းမသောက်ချင်ဘူး။ မဟုတ်
ဘူး အခုဟာကကိုယ့်ကိုကိုယ်ဘာဖြစ်နေလဲ
ဆိုတာတောင်မသိလောက်အောင်sehun
စိတ်ရောကိုယ်ပါနွမ်းနယ်နေတာမို့။

ကိုကိုကသိပ်ကိုအေးစက်လွန်းသည်။
အထူးသဖြင့်ကျွန်တော့်အပေါ်ဆိုရင်ပေါ့။
မျှော်နေပါ့မယ်လို့စကားဦးသန်းခဲ့တာတောင်
အရေးတယူပြုခြင်းမခံရ။ ကျွန်တော့်ဘက်မှ
မဟုတ်ရင်ဘယ်တုန်းကမှကိုကိုဟာ
sehunကိုမဆက်သွယ်တက်သူမို့sehun
မှာလွမ်းလွန်းတဲ့အခါကိုယ်တိုင်သာဆက်သွယ်
ရင်းအသံတစ်ခုနဲ့တင်ဖြေဖျောက်ရသည်။

ကိုကိုနဲ့ကျွန်တော်ရဲ့လက်ထပ်ပွဲတုန်းက
ပုံတွေကိုတစ်ပုံချင်းတို့ထိရင်းကြည့်နေမိ
သည်။ ဓာတ်ပုံထဲမှာSehunသာလျှင်
လောကကြီးပို၈်ဆိုင်လိုက်ရသလိုပြုံးပျော်
နေခဲ့ပေမယ့်ကိုကို့မျက်နှာထားကတော့
တစ်သပ်မတ်ထဲပင်။

ကျွန်တော့်အတွက်အချစ်ဦးကလည်းကိုကို၊
အချစ်ဆုံးကလည်းကိုကိုပင်။ အချစ်ဆိုတာ
ဘယ်လိုအရာပါလဲလို့စဉ်းစားတွေးတောချိန်
မှာမထင်မှတ်ဘဲကိုကို့ကိုတွေ့ခဲ့သည်။
လက်သုံးလုံးလောက်ထူတဲ့စာအုပ်ကြီးတွေ
ကိုနေ့စဉ်ပိုက်ထွေးရင်းလမ်းမပေါ်မှာပြေး
လွှားနေသည့်ကိုကို့ပုံရိပ်သည်စူးစမ်းချင်နေ
သည့်sehunစိတ်ကိုဖမ်းစားသွားခဲ့သည်။

sehunဖေဖေရဲ့ဆေးရုံမှာအလုပ်သင်ဆရာဝန်
လောင်းလေးဆိုတာသိပြီးကတည်းကအဲ့ဒီ့
ဆေးရုံသည်sehunအတွက်နေ့စဉ်ချောင်း
ပေါက်မတက်သွားရသည့်နိဗ္ဗာန်ဘုံဖြစ်ခဲ့သည်။
တစ်ခါတစ်လေပင်ပန်းလွန်းလို့မျက်တွင်းတွေ
ချောင်ကျနေရင်တောင်ကိုကိုဟာsehun
မျက်လုံးထဲတွင်အပြည့်စုံဆုံးလူသားဖြစ်နေ
တက်သည်။

ကိုကို့နောက်ကိုအရိပ်လိုလျှောက်လိုက်နေရင်း
ကိုကို့ဆီကအသိအမှတ်ပြုခံရမယ့်အကြည့်
လေးတစ်ချက်ကိုစောင့်ဆိုင်းနေမိသည်။
ကိုကိုသည်သိပ်ကိုမာနကြီးသည်။ဂုဏ်သိက္ခာ
ကြီးသည်။ သဘောထားကြီးမြတ်လွန်းသည်။
ပြီးတော့ကိုကိုသည်ကျေးဇူးတရားတွေကို
သိပ်ကိုအလေးအနက်ထားလွန်းခဲ့သည်။

အကြင်​သူ(Rate-m)[Completed]Donde viven las historias. Descúbrelo ahora