[Zawgyi]
"seulgi....."
နှစ်ကြိမ်မြောက်ခေါ်လိုက်မှ ကိုယ့်ဘက်ကိုလှည့်ကြည့်လာတဲ့သူငယ်ချင်းဖြစ်သူကို chaeဘာဆက်ပြောသင့်လဲ
ဒီရက်ပိုင်းညဘက်တွေ seulgiမအိပ်ဘူးဆိုတာ သူမရဲ့ညိုမဲနေတဲ့ မျက်ကွင်းလေးတွေက သက်သေဖြစ်တယ်"ဒီနေ့ရာသီဥတုသာယာတယ် chae"
ဒီနေ့အတွက်ပထမဆုံးစကားကို seulgiပြောလာခြင်းဖြစ်သည် တစ်မနက်လုံးအတန်းမတက်ဘဲ ကျောင်းဝန်းထဲကခုံတန်းရှည်ပေါ်မှာထိုင်နေတာကြောင့် chaeအနည်းငယ်တော့ပျင်းလာမိသည်
အဆိုးဆုံးက seulgiအသည်းကွဲနေတာကို chaeမမြင်ချင်ဘူး"အတန်းမတက်မယ့်အတူတူ ကစားကွင်းသွားကြမလား"
"ကစားကွင်းသွားရအောင်ငါက ကလေးလား"
"နင်ကငါ့ရဲ့ဝက်ဝံလေးလေ"
အားလပ်ရက်မဟုတ်တဲ့အတွက် ကစားကွင်းမှာကလေးအနည်းငယ်နဲ့အုပ်ထိန်းသူအချို့သာရှိကြတယ်
seulgiက ငယ်ငယ်လေးတည်းက ဒီလိုနေရာမျိုးတွေကိုလာလေ့မရှိခဲ့သလို ငယ်ဘဝရဲ့မှတ်ဥာဏ်အချို့ထဲမှာလည်း မိဘတွေနဲ့အတူseulgiလျှောက်လည်လေ့မရှိခဲ့ဖူးဘူးခေါင်းပေါ်မှာဝက်ဝံဘီးကုတ်လေးတွေကိုယ်စီနဲ့ လက်ထဲမှာလည်းရေခဲမုန့်ကိုင်ထားတဲ့ seulgiတို့သူငယ်ချင်းနှစ်ယောက်ရဲ့ပုံစံက အရမ်းကိုကလေးဆန်နေလောက်တယ်
ဒီလိုနေ့ရက်မျိုးမှာ joohyunလည်းအတူတူရှိနေခဲ့မယ်ဆိုရင်....seulgiဟာ ဘယ်လိုနေရာရောက်ရောက်joohyunကိုအရင်ဆုံးသတိရတတ်တာ ပုံမှန်လိုဖြစ်နေခဲ့ပြီ အဲ့လောက်ထိကိုjoohyunက အရာရာကိုစိုးမိုးထားနိုင်ခဲ့တယ်"ရုပ်ရှင်ကြည့်ကြမလား seulgi"
ဒီနေ့အတွက်တော့ chaeရဲ့ဦးဆောင်ရာနောက်ကိုလိုက်ဖို့ဆုံးဖြတ်ထားတဲ့အတွက် seulgiခေါင်းပဲငြိမ့်လိုက်မိသည်
တကယ်တော့ ရုပ်ရှင်ဇာတ်ကားဘယ်လိုဇာတ်သိမ်းသွားလဲဆိုတာ seulgiမသိခဲ့ဘူး ဘေးမှာထိုင်ပြီးမုန့်တွေစားနေတဲ့chaeကိုပဲ seulgiကြည့်နေခဲ့မိတာ....စိတ်သက်သာရာရမလားဆိုပြီး....