Ep 8 🐈

1.1K 139 7
                                    

[Zawgyi]

နာရီနှိုးစက်​မှ မြည်​လာတဲ့အသံနဲ့အတူ မနက်​မိုးလင်းပြီဆိုတဲ့အသိတစ်​ခုက seulgiကိုစိတ်​ပျက်​​စေသည်
မို့အစ်​​နေတဲ့ မျက်​လုံး​တွေဟာ ညကသူမ ငိုထား​ကြောင်း သိသာ​စေတယ်

"နင်​တစ်​ခုခုကို အထင်​လွဲ​နေပုံပဲ ငါနင့်​ကိုသူငယ်​ချင်းထက်​ မပိုဘူး kang"

ကျောင်းသွားဖို့အတွက်​ပြင်​ဆင်​​နေရင်း မ​နေ့ညက စကားသံ​တွေဟာ မဖိတ်​​ခေါ်ပါဘဲနဲ့ နားထဲမှာပဲ့တင်​သံတစ်​ခုလိုမျိုး ပြန်​လည်​ကြား​ယောင်း​နေမိသည်
ပါးပြင်​​ပေါ်ကိုကျ​ရောက်​လာတဲ့ ခပ်​​နွေး​နွေးအထိအ​တွေ့​ကြောင့်​ သိလိုက်​ရတာက မိမိငို​နေပြန်​ပြီ
လက်​တစ်​ဖက်​နဲ့ မျက်​ရည်​​တွေကို အလျင်​အမြန်​သုတ်​ပစ်​လိုက်​ပြီး ​ကျောပိုးအိတ်​လွယ်​ကာ ​အောက်​ထပ်​ကိုဆင်းလာခဲ့လိုက်​သည်

"Moring seul...မနက်​စာစားပြီးမှ​ကျောင်းသွား​နော်​"

မီးဖိုခန်းထဲမှာ အလုပ်​ရှုပ်​​နေတဲ့​မေ​မေက seulgiမနက်​စာ မစားမှာစိုးလို့ သတိလှမ်း​ပေးတာ​ကြောင့်​ မသက်​သာတဲ့အဆုံး ထမင်းစားပွဲမှာ ဝင်​ထိုင်​လိုက်​ရသည်

"​ဖေ​ဖေ​ရော??"

ကြက်​ဥထမင်း​ကြော်​ကို အစားမပျက်​ဘဲ seulgi​မေးလိုက်​ခြင်းဖြစ်​တယ်
coffeeတို့ cakeတို့ကို သာမန်​အချိန်​မှာစား​ပေမယ့်​ မနက်​စာအဖြစ်​​ကျွေးရင်​​တော့ seulgiသိပ်​မုန်းတာ

"ဒီ​နေ့meetingရှိလို့ အ​စောကြီးအလုပ်​သွားတယ်​"

အမြဲဒီလိုပါပဲ မနက်​ဆိုmeetingရှိလို့ ညဆိုcompanyကလူ​တွေနဲ့ dinnerရှိလို့ဆိုတဲ့ အ​ကြောင်းပြချက်​လား အမှန်​တကယ်​လားမသိတဲ့စကား​တွေ​ကြောင့်​ တစ်​အိမ်​ထဲမှာ​နေပြီး seulgiနဲ့​ဖေ​ဖေ သိပ်​မ​တွေ့ဖြစ်​ကြရဘူး တစ်​ခါတ​လေဆိုရင်​ မတိုက်​ဆိုင်​တာ​ကြောင့်​ သုံး​လေးရက်​​လောက်​ မ​တွေ့ရတာမျိုး​တွေလည်းရှိခဲ့တယ်

"seul ငိုထား​သေးလား..."

မိဘဆိုတာ ကိုယ်​​မွေးထားတဲ့သားသမီးအ​ကြောင်းကို သိတာ မဆန်းပါဘူး ငယ်​ငယ်​ထဲက အရာရာကို​ဖော်​ပြ​လေ့မရှိဘဲ မြိုသိပ်​ထားတတ်​တဲ့အကျင့်​တစ်​ခုက ​သေရာပါလိုပဲ
ဒါ​ကြောင့်​ seulgiမုသားတစ်​ခုကိုပဲ အသုံးပြုလိုက်​သည်

Dummy Diary For EricaWhere stories live. Discover now