[Zawgyi]
authorဒီတစ်ပိုင်းလုံးမှာ seulgiဘက်ကိုပဲဦးစားပေးပြီးရေးထားပါတယ် သူတို့ရဲ့အတွင်းစိတ်တွေကို အသေးစိတ်မြင်စေချင်တာကြောင့်ပါ နောက်တစ်ပိုင်းကိုတော့ joohyunဘက်ကိုရေးပါ့မယ်...
1,2,3 ပြုံးထားကြပါ...
photographerဦးလေးကြီးရဲ့ စကားသံအဆုံးမှာ ဘေးကလူကို အားရပါးရဖက်ထားရင်း မျက်လုံးလေးတွေမှိတ်သွားတဲ့အထိ seulgiအစွမ်းကုန်ပြုံးရယ်လိုက်သည်
နွေရာသီအားလပ်ရက်ဖြစ်တာကြောင့် ကမ်းခြေတစ်ခုကိုseulgiတို့ ခရီးထွက်လာခြင်းဖြစ်သည်
နှစ်ယောက်တည်းလာရတာ ပျော်စရာကောင်းပေမယ့် joohyunသာရှိမယ်ဆိုရင် ပိုပြီးပျော်ဖို့ကောင်းလိမ့်မယ် လို့ chaeကတော့ တဖွဖွပြောတယ်"ဝက်ဝံလေး ဒီမှာကြည့်ပါဦး"
သဲသောင်ပြင်ပေါ်မှာ ဆွဲထားတဲ့ဝက်ဝံပုံလေးကို chaeက လက်ညှိုးထိုးပြရင်း အားနာတဲ့မျက်ဝန်းတွေနဲ့ seulgiကို စိုက်ကြည့်လာသည်
တဖြည်းဖြည်းအနားကိုတိုးလာရင်း မိမိလက်တွေကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ကာ"တောင်းပန်ပါတယ် ငါjoohyunကို ရအောင်ခေါ်မလာနိုင်ခဲ့ဘူးseulgi"
"နင်ပြောတာ ငါနားမလည်ဘူး"
အူကြောင်ကြောင်အပြုံးတစ်ခုနဲ့အတူ seulgiဘာမှနားမလည်ကြောင်း ပြန်ပြောတော့ ဆုပ်ကိုင်ထားတဲ့လက်တွေဟာ ပိုမိုတင်းကျပ်လာရင်း chaeကပါ လိုက်ပြုံးသည်
"ခရီးမထွက်ခင် တစ်ရက်အလိုက ငါjoohyunဆီသွားခဲ့တယ် ပြီးတော့..."
မိမိဆက်ပြောလာမယ့်စကားကို seulgiစိတ်ဝင်တစားနဲ့နားထောင်နေမှန်းသိတာကြောင့် ဘယ်သူမှမကြားနိုင်လောက်တဲ့ သက်ပြင်းရှည်တစ်ခုချပြီး စကားစကို ပြန်ဆက်လိုက်သည်
"joohyunကပြောတယ် ကျောင်းပြီးရင် jinwooနဲ့လက်ထပ်ရတော့မယ် တဲ့"