Ep 5 🐈

1.1K 166 5
                                    

[Zawgyi]

"Kang....."

ကျောင်း​ခေါင်းမိုးထပ်​က အခန်းထဲမှာထိုင်​​နေရင်းသီချင်းနား​ထောင်​ရတာဟာ seulgiကိုငြိမ်းချမ်း​စေတယ်
kang ဆိုတဲ့​ခေါ်သံကိုမကြား​သေးချိန်​အထိ.....

လှည့်​မကြည့်​လည်းဘယ်​သူဆိုတာသိ​နေတဲ့အတွက်​ အ​နောက်​ကိုseulgiလှည့်​မကြည့်​ဘဲ ပြန်​နှုတ်​ဆက်​လိုက်​သည်

"​နေ​ကောင်းတယ်​​နော်​ joohyun"

"နင်​ငါ့ကိုအခုတ​လော​ရှောင်​​နေတာ ငါသိတယ်​​နော်​kang"

အနည်းငယ်​မာ​ကျောတဲ့​လေသံနဲ့အတူ ​ဘေးနားက​နေရာလွတ်​မှာjoohyunဝင်​ထိုင်​လိုက်​​တော့ တစ်​ဖက်​ကိုseulgiအနည်းငယ်​​ရွှေ့ သွားသည်
ဘယ်​သူမှမကြားနိုင်​​လောက်​တဲ့ သက်​ပြင်းတစ်​ခုကိုချလိုက်​ပြီး joohyunမတ်​တပ်​ရပ်​လိုက်​သည်

"ငါကပန်းချီလာဆွဲတာပါkang နင်​ရှိ​နေတယ်​ဆို​တော့ငါတခြား​နေရာပဲသွားလိုက်​​တော့မယ်​"

"​နေဦး joohyun"

အခန်း​ပေါက်​ဝနားကို​ရောက်​မှ ​နေနိုင်​လွန်း​သောဝက်​ဝံစုတ်​က အနားကို​ရောက်​လာသည်
အလိုမကျတဲ့မျက်​ဝန်း​တွေနဲ့အတူ တွန့်​​ကွေးသွားတဲ့မျက်​ခုံးတစ်​စုံက seulgiကိုပိုပြီးကြည့်​​ကောင်း​စေတယ်

"နင်​ကဒီမှာပန်းချီဆွဲ​နေကြမလား ဆွဲပါငါရှိ​နေလို့ထွက်​သွားစရာမလိုပါဘူး"

ပန်းချီဆွဲ​နေတဲ့joohyunရဲ့ပုံစံက ဆွဲ​ဆောင်​မှုရှိတယ်
တစ်​​ကျောင်းလုံးက ပုရိသ​တွေအ​နေနဲ့​ကြွေရင်​လည်း​ကြွေချင်​စရာပါ joohyunက လှတာကိုး.....
ဘာ​တွေဆွဲ​နေမှန်းမသိ​ပေမယ့်​ လှုပ်​ရှားသွားတဲ့လက်​​ချောင်း​လေး​တွေက seulgiရဲ့အာရုံကိုဖမ်းစားနိုင်​စွမ်းရှိသည်

"chae​ရော မ​တွေ့ပါလား"

ပန်းချီဆွဲ​နေတဲ့သူ့ကို​ငေး​နေရင်း ရုတ်​ရတ်​​မေးလာတဲ့
ဲ့​မေးခွန်း​ကြောင့်​ seulgiအနည်းငယ်​လန့်​သွားမိသည်

"ဟမ်​....အင်း ကိစ္စရှိလို့​ကျောင်းမလာဘူး"

"နင်​ကသိပ်​ကံ​ကောင်းတာပဲ chaeကနင့်​ကိုသိပ်​ချစ်​တယ်​မလား"

Dummy Diary For EricaWhere stories live. Discover now