Ep 6 🐈

1.1K 149 4
                                    

[Zawgyi]

"joohyunနဲ့jinwoo မ​နေ့က......"

"ငါက​တော့coffeeပဲ နင်​​ရောဘာ​သောက်​မလဲchae"

menuစာရွက်​ကိုသာ တစ်​ကမ္ဘာထင်​ပြီး ပြူးတူးပြဲတဲကြည့်​​နေတဲ့ seulgi​ကြောင့်​ ​ပြောလက်​စ စကားကို chaeရပ်​ပစ်​လိုက်​သည်
ဘေးပတ်​ဝန်းကျင်​ကို တစ်​ချက်​​ဝှေ့ ကြည့်​လိုက်​​တော့ ထမင်းစားချိန်​ဖြစ်​တဲ့အတွက်​ ကန်​တင်းမှာ လူ​တွေပြည့်​နှက်​​လို့

"ငါလည်း coffeeပဲ"

မှာထားတာရဖို့အတွက်​ ကြာဦးမှာဆို​တော့ လတ်​တ​လောအ​ရှေ့မှာရှိ​နေတဲ့ ​ရေကို seulgiယူ​သောက်​ကာ အရင်​ဆုံး အ​မော​ဖြေလိုက်​သည်

"seulgi.... မ​နေ့ကjoohyunတို့....."

"ဗိုက်​မဆာဘူးလား ဘာစားရင်​​ကောင်းမလဲ chae"

ဒီ​နေ့တစ်​​နေ့ကုန်​ chae​ပြောချင်​​နေတဲ့စကားတစ်​ခွန်းကို ​seulgiက ​ပြောခွင့်​မပြုဘဲနဲ့ စကားလမ်း​ကြောင်းလွှဲခဲ့တယ်
ဒီ​နေ့ကြမှ Park Chaeyoungကလွဲပြီး ကျန်​တဲ့အရာ​တွေအားလုံးဟာ စိတ်​ဝင်​စားစရာ​ကောင်း​နေသလိုမျိုး...

"ငါ​ပြောတာကို အဆုံးထိနား​ထောင်​​ပေးလို့မရဘူးလား Kang Seulgi!!!"

အနည်းငယ်​ကျယ်​​လောင်​သွားတဲ့ ​ဒေါသသံ​ကြောင့်​ အားလုံးရဲ့အကြည့်​​တွေဟာ seulgiတို့ဝိုင်းဘက်​ကို ​ရောက်​လာခဲ့တယ်​ အထူးသဖြင့်​ အမြဲတမ်းပြုံးရယ်​​နေတတ်​တဲ့ chaeက seulgiရဲ့မျက်​ဝန်း​တွေကို စိုက်​ကြည့်​ပြီး ​အော်​ခဲ့သည်

"ငါ့ကိုမ​အော်​နဲ့ chae..."

အ​ခြေအ​နေမှန်​ကို ရိပ်​မိသွား​တော့မှ chaeက သက်​ပြင်းတစ်​ချက်​ချရင်း အတတ်​နိုင်​ဆုံးစိတ်​ပြန်​​လျှော့လိုက်​သည်
seulgiကိုကြည့်​လိုက်​​တော့ ​အောက်​ကို​ခေါင်းငုံ့ပြီး ဘာစကားမှ ဆက်​မ​ပြောခဲ့ဘူး

"ငါမှားသွားတယ်​ ငါနင့်​ကိုမ​အော်​ခဲ့သင့်​ဘူး
ငါ​ပြောချင်​တာက joohyunတို့လမ်းခွဲလိုက်​ကြပြီ
အဲ့တာ​ကြောင့်​ နင်​နဲ့ငါလည်း...."

"ငါအခု​ပြောမယ့်​စကားက မျက်​နှာ​ပြောင်​တိုက်​သလိုဖြစ်​​နေလိမ့်​မယ်​ ဒါ​ပေမယ့်​ငါနင်​နဲ့လမ်းမခွဲချင်​ဘူး..."

Dummy Diary For EricaWhere stories live. Discover now