[Zawgyi]
"ငါ့ကိုခဏစောင့်ဦး seulgi"
အရှေ့ကနေ ခပ်သွက်သွက်လျှောက်နေတဲ့ ဝက်ဝံ
ံတစ်ကောင်ကြောင့် joohyunအရမ်းချွေးပြန်နေပြီ
အားကုန်ရှိသမျှပြေးပြီး နောက်ဆုံးတော့သူ့ရှေ့မှာ ပိတ်ရပ်လိုက်သည်
တကယ်တော့ ပြေးရတာနဲ့စောင့်ဆိုင်းရတာဟာ ကမ္ဘာပေါ်မှာ မိမိအမုန်းဆုံးအလုပ်နှစ်ခုဖြစ်တယ်"ခဏစောင့်ပါဦးလို့ ပြောနေတယ်လေkang!!"
အော်ဟစ်တာမျိုးမဟုတ်ဘဲ တောင်းဆိုသလိုမျိုးသူ့လက်ကိုလှမ်းကိုင်လိုက်တော့မှ ခေါင်းငုံ့ရာကနေ မော့ကြည့်လာသည် မတွေ့ရတဲ့နှစ်ရက်အတွင်း နေမကောင်းတာလား ညဘက်တွေမအိပ်တာပဲလားမသိ အရင်လိုဖောင်းကားနေတဲ့ပါးလေးတွေကို သေချာမမြင်ရတော့ဘူး
"နင်ငါ့ကိုရှောင်နေတယ်..."
"မရှောင်ပါဘူး ထင်လို့ပါ"
"ဟိုနေ့ညက ကိစ္စကြောင့်မလား?"
"မရှောင်ဘူးလို့ ပြောနေတယ်မလားjoohyun
ဘာလဲ ငါကနင့်အနားမှာတစ်ချိန်လုံးကပ်နေရမှာလား အဲ့ကိစ္စက ဘာထူးဆန်းလို့လဲ ဖွင့်ပြောတယ် အငြင်းခံရတယ် ပြီးပြီပေါ့"တစ်ခါမှမကြားခဲ့ဖူးတဲ့ လေသံမျိုးနဲ့seulgiက အော်တယ်
စိတ်အားငယ်တတ်တဲ့ လူတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့အော်သံအဆုံးမှာ မျက်ဝန်းထဲက ထွက်ကျလုဆဲဆဲမျက်ရည်စ
တွေကြောင့် အရာရာဟာဝေးဝါးလာသလို..."joohyun ငါတောင်းပန်....."
အမှားလုပ်မိသွားတဲ့အတွက် seulgiပြန်တောင်းပန်ဖို့ ကြိုးစား
ပေမယ့် joohyunကတော့ အဝေးကိုပြေးထွက်သွားခဲ့ပြီမှားတယ် ဘယ်ကနေစမှားခဲ့မှန်းမသိပေမယ့် seulgiရဲ့ဘဝက မှားယွင်းနေခဲ့တာကြာပြီ
joohyunနဲ့ပတ်သတ်ရင် seulgiအရာရာကိုလျစ်လျူ ရှုခဲ့တာ သူနဲ့စတွေ့တည်းကပဲ
နှစ်တွေအကြာကြီးသိမ်းဆည်းထားခဲ့တဲ့ အကြောက်တရားတွေကို
ဖွင့်ဟခဲ့ပေမယ့် နောက်ဆုံးတော့ ပိုဝေးသွားခဲ့ရုံသာ