[Zawgyi]
(အရမ်းကိုငြိမ်သက်စွာသွားမယ့် ဇာတ်လမ်းဖြစ်တာကြောင့် ပျင်းစရာဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်
ဖတ်ရင်းအဲ့လိုတွေးမိနိုင်တာကြောင့် authorကြိုပြီးပြောပြထားတာပါနော် စောင့်ပြီးဖတ်ပေးတဲ့တစ်ယောက်ချင်းစီကို တကယ်ကိုကျေးဇူးတင်ပါတယ်)Bae Joohyunဆိုတဲ့လူသားဟာ ဒီကမ္ဘာပေါ်မှာ အထက်မြက်ဆုံးနဲ့အမာကျောဆုံးမိန်းကလေးတစ်ယောက် ဖြစ်ရမယ်ဆိုတဲ့ ဖေဖေပြောနေကြစကားတစ်ခွန်းကြောင့် ဘဝရဲ့အရာရာဟာ မထင်ထားလောက်အောင်ပြောင်းလဲခြင်းတွေ ဖြစ်ခဲ့ရသည်
ငယ်ငယ်လေးတည်းက ကြိုးစားပြီးပြုံးပြခဲ့ရတဲ့အပြုံးတွေဟာ အခုတော့လုံးဝကို ပျောက်ကွယ်သွားခဲ့ပြီ
seulgiနဲ့ဝေးပြီးနောက်ပိုင်း ပျော်ရွှင်ခြင်းဆိုတာ joohyunအတွက်တော့ ရှာဖွေရအခက်ဆုံးအရာတစ်ခုဖြစ်ခဲ့တယ်"joohyun ကျောင်းမသွားသေးဘူးလား"
ကျောင်းအင်္ကျီအပေါ်ကနေ အနွေးထည်အနက်ရောင်တစ်ထည်ကောက်ဝတ်ကာ ဘေးလွယ်အိတ်နဲ့အတူ ပန်းချီဆွဲဖို့လိုအပ်တဲ့ပစ္စည်းတွေကိုယူပြီး အိမ်ရှေ့ကိုပြေးထွက်လာတော့ ထုံးစံအတိုင်းပါပဲ ကားကိုမှီပြီးလက်ပိုက်ကာ စိုက်ကြည့်နေတဲ့ဖေဖေ့ကို တစ်ချက်ဦးညွှတ်လိုက်ပြီး ခြေလှမ်းတွေကိုလှုပ်ရှားလိုက်ပေမယ့်...
"ကားပေါ်တက်မယ် joohyun"
အမိန့်ဆန်ဆန်စကားတစ်ခွန်းကြောင့် joohyunလက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ရင်း ဖေဖေ့ကိုပြန်စိုက်ကြည့်လိုက်သည်
"ဒီနေ့တစ်ရက်လေးပဲဖြစ်ဖြစ် ကျောင်းကိုတစ်ယောက်တည်းသွားပါရစေ..."
လှောင်အိမ်ထဲမှာနေရတဲ့ ငှက်တစ်ကောင်ဟာ ဘယ်အချိန်မှာ လွတ်မြောက်နိုင်သလဲ ပြီးတော့ ဘယ်လောက်ကြာကြာ လွတ်မြောက်
ခွင့် ရနိုင်မလဲ
နေ့စဉ်နဲ့အမျှဖြတ်သန်းနေရတဲ့ နာရီပေါင်းမြောက်များစွာဟာ ငရဲတစ်ခုလိုပင်
လုပ်ချင်တာတွေလုပ်ခွင့်မရှိတဲ့ဘဝတစ်ခုမှာ ပန်းချီဆွဲခြင်းတစ်ခုတည်းကသာ joohyunအတွက် ထွက်ပေါက်တစ်ခုဖြစ်ခဲ့တယ်