25.5K 3.1K 45
                                    

[Unicode]လုရှန်း၏ဝန်ထမ်းများသည် အမြဲတည်ငြိမ်ခဲ့သမျှ ယနေ့တော့ အကုန်လွှတ်ချလိုက်ပြီး ပျော်ကြပါးကြသည်။ လုရှန်းကို စင်ပေါ်တက်၍ သူမဲပေါက်ထားသည့် ကွန်ဒုံးကို မှုတ်ခိုင်းကြသည်။ အမျိူးသမီးဝန်ထမ်းငယ်အချို့က ရှက်ပြီးမျက်နှာတွေကို အုပ်ဖွက်ထားကြ၏။
ကုမ္ပဏီတွင် "မက်မောစရာအကောင်းဆုံး အမျိူးသားစာရင်း" ကို ချပြမည်ဆိုလျှင် လုရှန်းသည်ထိပ်ဆုံးမှ ရပ်တည်မည်ပင်ဖြစ်သည်။ အသက်ငယ်သည်။ အောင်မြင်သည်။ ရုပ်ရည်ရှိသည်။ ချမ်းလည်းချမ်းသာသည်။ သူ၏လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုနှင့်ပတ်သတ်၍ ကောလဟာလများကြားနေရသော်လည်း ယင်းကောလဟာလများသည် သူ၏သြဇာဂုဏ်ရှိန်ကို သက်ရောက်နိုင်သည့်အင်အားမရှိ။ မည်သူမှလည်း မျက်မြင်ဒိဋ္ဌိမမြင်ဖူးတာမို့ ကောလဟာလမှာ ကောလဟာလသာဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ... ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်းဆိုရင် ပျော်စရာမကောင်းဘူး ... နောက်ထပ်လူနှစ်ယောက်လောက်ရှာပြီး ပြိုင်ကြရအောင်"

လုရှန်းက သူ၏တည်ကြည်ရည်မွန်သည့်ပုံရိပ်ကို မပျက်စီးအောင်ထိန်းသိမ်းထားရင်း ဘောလုံးကို ရှဲ့ဝေ့လန်ဘက်သို့ ကန်လိုက်သည်။ လူပျိုစစ်စစ်ရေမရောသေးသော ဥပဒေဋ္ဌာနမန်နေဂျာမှာ လုရှန်းကိုစိတ်ထဲကနေ ကြိတ်ဆဲလိုက်သည်။ ဒါပေမယ့်လည်း ရွေးချယ်စရာမရှိတာမို့ စင်ပေါ်တက်သွားပြီး လုရှန်းကန်လိုက်သည့်ဘောလုံးကို လက်ခံလိုက်ရသည်။

နောက် လုရှန်းက ပွဲကိုသဘောတကျကြည့်နေသည့် လျို့ရှင်းထျန်းကို ပြုံးပြလိုက်သည်။

"ဒါရိုက်တာလျို့ဆိုရင် ရွံ့နွံတွေကြားတောတောင်တွေကြားထဲမှာ တိုက်ပွဲဝင်ဖူးတာဆိုတော့ အဆုတ်အားတော်တော်ကောင်းမှာပဲဆိုတာ သေချာတယ် ... သူ့ကိုပါ တက်လာခိုင်းရင်မကောင်းဘူးလား"

လျို့ရှင်းထျန်သည် တုံ့ယမ်းကိုစတင်ထူထောင်သူများထဲမှ တစ်ယောက်ဖြစ်သည်။ လုရှန်း၏ဖခင်နှင့်အတူ ဗီယက်နမ်စစ်ပွဲတုန်းက အတူတူတိုက်ပွဲဝင်သူလည်း ဖြစ်၏။ သွေးသောက်ညီအစ်ကိုများလိုပင် ဖြစ်ခဲ့ကြသည်။ ဝမ်းနည်းစရာကောင်းသည်က ဆင်းရဲခြင်းကို အတူတူဖြတ်ကျော်နိုင်ပေမယ့် ချမ်းသာမှုကို မျှဝေနိုင်ခြင်းတော့ မရှိခဲ့ပေ။ ငွေကြေးနှင့် အာဏာအတွက် တိုက်ခိုက်ရခြင်းက သေနတ်ကျည်ဆံများနှင့် တိုက်ပွဲဝင်ရခြင်းထက်ပင် ပိုပြင်းထန်သေးသည်။ လုရှန်း၏ဖခင်သေဆုံးပြီးနောက်မှာ လျို့ရှင်းထျန်၏နွေးထွေးမှုလက်ကျန် အနည်းငယ်မှာလည်း ပိတ်ပိတ်ပျောက်ကွယ်သွားသည်။ သူ၏ရည်ရွယ်ချက်အစစ်အမှန်မှာလည်း သိသာထင်ရှားလာပြီး လုရှန်းနှင့်သူ့အကြားဆက်ဆံရေးမှာလည်း မီးနှင့်ရေပမာသီးခြားဖြစ်လာသည်။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now