၂၀-၁

15.5K 2.3K 124
                                    

(Unicode)

ရှောင်ကျောင်းပြောလိုက်သည်က လီဆွေ့ကို ရေခဲရေနဲ့ လောင်းချလိုက်သလိုပင် ...

"ခင်ဗျားအခု ဘယ်မှာလဲ ... ကျွန်တော်လာတွေ့မယ် ... လုရှန်းကိုရှာဖို့ ဆိပ်ကမ်းကို လိုက်ပို့ပေးပါလား ... ကျွန်တော်ဖုန်းခေါ်တာမကိုင်ဘူး"

လီဆွေ့အသံမှ စိတ်ပူပင်မှုတွေကို ရှောင်ကျောင်းသတိထားမိသည်။

"သူဋ္ဌေးလုက သတိကောင်းတဲ့လူပါ ... ဘာမှမဖြစ်လောက်ပါဘူး ... စိတ်တည်ငြိမ်အောင်ထားဦး"

သူ့ကိုယ်သူ အပိုလုပ်နေမိတာသိပေမယ့် ဘယ်နည်းနဲ့မှ တည်ငြိမ်အောင်လုပ်၍ မရ ... သူ့အတွေးထဲမှာ ဒီမနက်လုရှန်းထွက်သွားသောပုံရိပ်က အနှေးပြကွက်နှင့် ထင်ထင်ရှားရှားပြန်ပေါ်လာသည်။ လီဆွေ့စကားတစ်ခုကို ပြေးသတိရလိုက်သည်။ လူတွေနှုတ်ဆက်ခွဲခွာရပြီဆို သူတို့ရဲ့နောက်ဆုံးတွေ့ရတဲ့အချိန်တွေကို အသေးစိတ်ပြန်မြင်ယောင်တယ်တဲ့ ... သူ့စိတ်ပူပန်မှုကို လောင်စာထည့်ချလိုက်သကဲ့သို့ပင်။ အတောင်ပံတစ်စုံလောက် လိုချင်လာပြီး လုရှန်းကို ပြေးရှာချင်မိသည်။

မိုးကသည်းသည်းမည်းမည်းရွာနေပြီး တစ်မြို့လုံး အုံ့ဆိုင်းမှောင်မည်းနေသည်။ လီဆွေ့ထိုင်မနေနိုင်တော့ဘဲ မိုးကာတစ်စုံယူကာ ထွက်သွားတော့သည်။ အပြင်မှာ လူတစ်ယောက်မှမရှိတော့။ လမ်းဘေးခွေးများသာ ဟိုပြေးဒီပြေးပြေးနေသည်။ မိုးသံကလွဲ၍ ဘာမှလည်းမကြားရ။ ပင်လယ်နားနီး၍ ထင်သည်။ မိုးရေတွေက ငန်ကျိကျိခါးသက်သက်ဖြစ်နေသည်။ လေပါအတူပါ၍ ငါးမိနစ်လောက်ပင်မရှိသေးဘဲ လီဆွေ့တစ်ကိုယ်လုံးစိုရွှဲသွားလေ၏။ အပူပိုင်းဒေသက တိုင်ဖွန်းသည်ကား ဒီလောက်ဆိုးရွားမယ်မှန်း သူမထင်ခဲ့။

လီဆွေ့ Taxi ငှားရန်လမ်းပေါ်အထိ လျှောက်သွားသည်။ သူသွားချင်သည့်နေရာကို ကြားတော့ ကားသမားက လိုက်ပို့ချင်ပုံမပေါ်။

"ဒီမှာ ကောင်လေးရဲ့ .. ဦးက လိုက်မပို့ချင်တာမဟုတ်ဘူး ... အဲ့ဒီနေရာက ပင်လယ်နဲ့အရမ်းနီးတယ် အန္တရာယ်များတယ်"

လီဆွေ့က ငွေအထပ်လိုက်ထုတ်၍ ပေးလိုက်သည်။

"ဒီလောက်ဆို ရပြီလား"

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောOnde histórias criam vida. Descubra agora