၁၆

19.6K 2.7K 122
                                    

[Unicode]

"ကျွန်တော်အပြင်ထွက်လိုက်ဦးမယ်"

လီဆွေ့က အခန်းထဲကနေ လှစ်ခနဲပြေးထွက်သွားသည်။ ယန့်ခယ်က တဟားဟားရယ်လေ၏။

"ဘယ်လိုဖြစ်လို့ မင်းရဲ့ကလေးက ဒီလောက်ရိုးသားနေရတာလဲ"

လုရှန်းကလီဆွေ့၏ နောက်ကျောကိုကြည့်လိုက်သည်။ သူ၏စိတ်အခြေအနေကောင်းသွားပုံရသည်။ နှုတ်ခမ်းထောင့်များက အပေါ်သို့အနည်းငယ် ကော့တက်နေသည်။

သင်္ဘောပေါ်မှာ လေနုအေးက လီဆွေ့၏မျက်နှာကို ဖြတ်၍တိုက်ခတ်သွားသည်။ နဖူးပေါ်မှချွေးစများပင် ခြောက်ခမ်းသွားလေသည်။ သင်္ဘောလက်ရန်းကို မှီလိုက်ရင်း လက်ညှိုးနှင့် သူ့နှုတ်ခမ်းကိုသူ ပြန်ထိကြည့်မိနေသည်။ တစ်စုံတစ်ယောက်က သူ့ဦးနှောက်ထဲမှာပတ်လမ်းတစ်ခုကို ထည့်သွင်းပေးလိုက်သကဲ့သို့ပင် သူ၏နှုတ်ခမ်းအတွင်းပိုင်းမှ ခံစားချက်ကို ထပ်ကာတလဲလဲပြန်စိတ်ကူးယဉ်နေမိသည်။ ချိုမြိန်နူးညံ့ခြင်း အေးစက်ခြင်း ဝေးကွာခြင်းစသည့် ခံစားချက်တို့ ရောယှက်နေသည့် အနမ်းတစ်ခု ... ဒါက လုရှန်းရဲ့အရသာတဲ့လား ...။

လီဆွေ့က မထိန်းနိုင်ဘဲ လေတဖြူးဖြူးတိုက်ခတ်နေသည့်ကြားက ရယ်လိုက်သည်။ သူ့ပုံစံက အိပ်မက်တစ်ခုကိုအကောင်အထည်ဖော်နိုင်ခဲ့သူအလားပင်။ အခုထိကို မယုံကြည်နိုင်သေး။ လုရှန်းကို သူ့ကိုနမ်းလိုက်သည်။ သူတို့အတူတူ အနမ်းတွေမျှဝေလိုက်တာဖြစ်သည်။ တစ်သက်လုံးစိတ်ကူးယဉ်မက်ခဲ့ရသော
အိပ်မက်ရှည်ကြီး ရုတ်တရက်အကောင်အထည်ပေါ်လာလို အရမ်းပျော်မြူးနေပြီး ဘာလုပ်လို့ ဘာကိုင်ရမည်မသိဖြစ်နေ၏။

လီဆွေ့ကကိုယ်တစ်ပတ်လှည့်ရင်း ပင်လယ်ကြီးကို မျက်နှာမူလိုက်သည်။ ပင်လယ်ရေလှိုင်းပေါ်မှာ မီးရောင်များ အလင်းပြန်နေသည်က ကောင်းကင်မှ ကြယ်များတဖိတ်ဖိတ်တောက်နေသကဲ့သို့ ... သူ သင်္ဘောပေါ်ရောက်ရောက်ချင်း ခံစားခဲ့ရသော အဆင်မပြေမှုများ ကြောက်လန့်စိတ်များအားလုံး ပျောက်ကွယ်သွားပြီး ချိုမြိန်မှုကိုခံစားလာရသည်။

အပျော်မယ်များ၏ပရော်ပရည်ရယ်သံများကပင် နားထောင်လို့ကောင်းလာသည် သင်္ဘောပေါ်ဖြစ်ခဲ့သမျှအကုန်လုံးက ရုတ်တရက်ကြည်နူးစရာသို့ ပြောင်းလဲသွား၏။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now