၂၃-၁

12.8K 2.1K 63
                                    

[Unicode]ရေတံခွန်မှကျလာသောရေက သဘာဝအတိုင်း ကြည်လင်သန့်ရှင်းနေသည်။ ရေကန်၏တည်နေရာကို သစ်ပင်တွေ ဝန်းရံထား၍ နေရောင်အနည်းငယ်သာတိုးဝင်နိုင်သည်။ဒါကြောင့် ရေကအေးစက်နေ၏။လေးယောက်သား ရေထဲအချ်န်အတော်ကြာစိမ်နေပြီးတဲ့နောက် ဒေါသတွေ ခေါင်းပူနေတာတွေ ပျောက်သွားလေသည်။ ရေက လန်းဆန်းပြီး စိတ်ကြည်နူးစေသည့်အတွက် ခွန်အားအသစ်တို့ ပြန်ရလာသည်။

လီဆွေ့က ရေပေါ်မှာထင်ဟပ်နေသည့် သူ၏ အမာရွတ်များကို ကြည့်လိုက်သည်။ တချိန်ကသော အနက်နဲဆုံး အမှောင်မိုက်ဆုံး လျှို့ဝှက်ချက်များဖြစ်ခဲ့သော်လည်း အခုတော့ ထိုမှတ်ဉာဏ်ဆိုးများမှ ငြိမ်းအေးအောင် နေတတ်ခဲ့လေပြီ။ အခုတော့ သူ့ဘဝအတွေ့အကြုံတွေ၏ တစ်စိတ်တစ်ပိုင်းဟူ၍သာ ခံယူထားနိုင်ခဲ့လေပြီ။ ဘယ်အချိန်ကတည်းက အိပ်မက်ဆိုးတွေ ပျောက်ကွယ်ခဲ့သလဲတောင် သတိမထားမိတော့။ ဒါပေမယ့် လုရှန်း၏နွေးထွေးမှုကို ခံစားရရှိကတည်းကပင် ဖြစ်ပေလိမ့်မည်။ လီဆွေ့ရဲ့အိပ်မက်တိုင်းမှာ တခြားသူဝင်ရောက်လာခြင်း မရှိတော့။

ရှေးခတ်ကလူတွေက ပြောဖူးတာရှိသည်။ လူတွေက ဖျားနာတာ ကျိန်စာမိတာမျိုးခံစားရပြီဆိုရင် အဲ့လိုကံကြမ္မာကနေ ရုန်းထွက်ဖို့ နာမည်ပြောင်းတတ်ကြသတဲ့။ ဒါဆိုရင် သူ့ကို နာမည်အသစ်ပေးခဲ့သူက ဘဝသစ်တစ်ခုကိုပါ ကောင်းချီးပေးခဲ့တာ ဆိုရင်ရော ...

"ရေက လူကိုလန်းဆန်းသွားတာပဲ ... ဝမ်ဝေ့! နွယ်တွေက သုံးလို့ရလား"

ဝမ်ဝေ့ကရေကူးလာပြီး နွယ်တစ်ခုကိုဆွဲကြည့်လိုက်သည်။

"ရလောက်ပါတယ် ... ဆူးတွေတော့ရှိတယ်"

"ဘယ်သူ အပေါ့ဆုံးလဲ ... အရင်စမ်းကြည့်လေ"

ကျင်းရုံပြောပြီးသည့်အခါ သူ့ဘေးက စီးမာယန်းက ဘယ်သူ့ကို ရည်ရွယ်သလဲသဘောပေါက်ပြီး သိပ်မကျေနပ်သလိုအကြည့်နဲ့ ကြည့်သွားသည်။ ဒါပေမယ့် ရေတံခွန်ဘက်ဆီသို့ ကူးတော့ကူးသွား၏။ နွယ်တစ်စကိုဆွဲကာ လက်မောင်းမှာပတ်လိုက်ပြီး တွယ်တက်ကြည့်သည်။

စီးမာယန်းကသေးသေးသွယ်သွယ်လေးဖြစ်ပြီး သွက်လည်းသွက်သည်။ တောင်တက်ဖူးပုံလည်းရ၏။ လီဆွေ့က ရေတံခွန်နားသွား၍ လေ့လာကြည့်သည်။ ရေတံခွန်က သိပ်မမြင့်ပေမယ့် ကျောက်တုံးတွေပေါ်မှာက ရညှိတွေများသည်။ ကျောက်တုံးပေါ် ခြေချဖို့က မဖြစ်နိုင်။ ကံကောင်းသည်က နွယ်များနှင့် ကျောက်တုံးများအောက်တွင် ရေကန်ငယ်တစ်ခုထပ်ရှိသည်။ ဒါကြောင့် ပြုတ်ကျရင်တောင် သိပ်တော့ အနာတရမဖြစ်နိုင်။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now